Audio

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၀ ကြိုတင်ဟောကြားချက်လိုမျိုး၊ ကျွန်ုပ်တို့က ယေရုရှလင် ကောင်းကင်အမေရဲ့ ဘုန်းတော်အလင်းကို ထင်ရှားတဲ့အခါ၊ မှောင်မိုက်ထဲမှာ နစ်မြုပ်နေတဲ့ တစ်ကမ္ဘာလုံးကလူမျိုးတွေဟာ ဝိညာဏဆိုင်ရာ ပိုင်းခြားနိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်နိုင်ပြီး၊ လူမျိုးအပေါင်းနဲ့ ရှင်ဘုရင်တွေဟာ ကောင်းကင်အမေဆီ လာပြီး၊ ဘုန်းတော်ကို ပေးကြမှာဖြစ်ပါတယ်။ အသီးကိုသီးစေတဲ့ အဓိကအခန်းကဏ္ဍဟာ မမြင်နိုင်တဲ့အမြစ်မှာ ရှိသလို၊ အမေဘုရားသခင်ကို ဝါကြွားပြီး၊ အားကိုးတဲ့အခါ၊ ဒီ ဧဝံဂေလိကို မြန်မြန် ပြည့်စုံအောင်မြင်စေတော်မူပါလိမ့်မယ်။