တံပိုးမှုတ်ပွဲဆိုတာဟာ အပြစ်ဖြေရာနေ့မတိုင်ခင် ဆယ်ရက်အလိုမှာ
တံပိုးကိုမှုတ်ခြင်းအားဖြင့် နောင်တရဖို့အတွက်တိုက်တွန်းတဲ့ ပွဲတော်တစ်ခု
ဖြစ်ပါတယ်။
နောင်တမရခင်ကဘဝဟာ အပြစ်တွေနဲ့ စွန်းထင်နေခဲ့တဲ့ဘဝဖြစ်ပေမယ့်
နောင်တရပြီးနောက် ဘဝကတော့ ကျွန်တော်တို့ကို ထာဝရအသက်ဆီ
ခေါ်ဆောင်ပေးနိုင်တဲ့ ကောင်းချီးမင်္ဂလာရှိတဲ့ဘဝပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ နောင်တရတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ဘဝဟာ တစ်ရက်တည်း
နေပေမယ့် နှစ်တစ်ထောင်အသက်ရှင်သလိုမျိုး တန်ဖိုးရှိပြီး သေပြီးမှ
ပြန်ရှင်လာတဲ့သူလိုမျိုး ဘုန်းတော်တောက်ပနေမှာဖြစ်ပါတယ်။
ဒါကြောင့် ယေရှုခရစ် အရင်ဦးဆုံးပြောခဲ့တဲ့စကားဟာ
“နောင်တရကြလော့!”ဆိုတာပဲ ဖြစ်ပါတယ်။
၁။ နောင်တရပြီးနောက်ပိုင်းဘဝ၏အရေးကြီးပုံကို
ဥပမာအားဖြင့် ရှင်းပြသော‘အိမ်ပြေးသား’
၂။ နောင်တရပြီးနောက် လူပေါင်း (၁၂၀,၀၀၀) ကိုကယ်တင်သော
အဖိုးတန်သည့်ဘဝနှင့် အသက်ရှင်ခဲ့သော ‘ယောန’
“ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊
သင်တို့အဖို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊
သင်တို့ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။”
“ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွတ်၍၊ ...
သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။”ရောမသြ၀ါဒစာ ၆:၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်