ဘုရားသခင်ဟာ အဲဂုတ္တုစစ်တပ်ကို ပင်လယ်နီမှာ နစ်မြုပ်စေခဲ့သလို၊ အပြစ်ရဲ့တန်ခိုးကို ဖျက်ဆီးခဲ့ပြီး၊ လူသားတွေဆီ ခရစ်တော်လိုမျိုး ထမြောက်ခြင်းရဲ့ မျှော်လင့်ချက်ကို ပိုင်ဆိုင်စေတဲ့နေ့က ထမြောက်ပွဲနေ့ဖြစ်ပြီး၊ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာကနေ ဝိညာဏကိုယ်ခန္ဓာအဖြစ် ပြောင်းလဲသွားမယ့်အကြောင်းကို ယေရှုခရစ်ကိုယ်တော်တိုင် ပြသပေးတော်မူတဲ့နေ့ ဖြစ်ပါတယ်။
အဲဂုတ္တုစစ်တပ်က ပင်လယ်နီထဲမှာ မြှုပ်နှံခံရခဲ့ပြီး၊ ဣသရေလလူမျိုးတွေက ပင်လယ်နီကနေ ကုန်းပေါ်တက်လာခဲ့တဲ့နေ့ဟာ တနင်္ဂနွေနေ့ဖြစ်ပါတယ်။ အဲဒီနေ့ကို အထိမ်းအမှတ်ပြုဖို့အတွက် တည်ထောင်တော်မူတဲ့ ဓမ္မဟောင်းခေတ်က အဦးသီးသောအသီးပွဲလည်း တနင်္ဂနွေနေ့မှာ အမြဲတမ်း စောင့်ရပြီးတော့ ကြိုတင်ဟောစကားအတိုင်း အဦးသောအသီးပွဲရဲ့ ပူဇော်သကာအဖြစ် အိပ်ပျော်တဲ့သူတွေထဲမှာ အဦးသီးသောအသီးဖြစ်တော်မူတဲ့ ယေရှုခရစ်တော်လည်း သေချာပေါက် သေတဲ့သူတွေထဲမှာ တနင်္ဂနွေနေ့မှာ ထမြောက်ဖို့အတွက် ကြိုတင်သတ်မှတ်ထားခဲ့ပါတယ်။
ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။
ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ်စေခြင်းငှာ အသစ် ပြင်ဆင်တော်မူလတ္တံ့။
ဖိလိပ္ပိသြဝါဒစာ ၃:၂၀-၂၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်