ဘုရားသခင်ဟာ ပထမဆုံးလူသားတွေဖြစ်တဲ့ အာဒံနဲ့ ဧဝကို
"ကောင်းမကောင်းသိကျွမ်းရာအသီးကို မစားနှင့်၊ စားလျှင်သေရမည်"လို့ မိန့်တော်မူခဲ့ပါတယ်။
ဒါပေမဲ့၊ အာဒံနဲ့ ဧဝတို့ဟာ မြွေရဲ့လှည့်ဖြားခြင်းခံရပြီး၊
ကောင်းမကောင်းသိကျွမ်းရာအသီးကို စားခဲ့ကြပါတယ်။
ရလဒ်အနေနဲ့ သူတို့ဟာ ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်ခံရပြီး သေဆုံးခဲ့ကြရပါတယ်။
ပသခါပွဲနေ့မှာ၊ ယေရှုခရစ်ဟာ သူ့ရဲ့အသားနဲ့အသွေးကို စားသောက်ရင်
ထာဝရအသက်ရှင်နိုင်တဲ့ ပဋိညာဉ်တရားသစ်ကို ကြေညာခြင်းအားဖြင့်၊
ယေရှုခရစ်ကိုယ်တိုင်က ဧဒင်ဥယျာဉ်မှာရှိတဲ့
အသက်ပင်ရဲ့အသီးဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြသတော်မူခဲ့ပါတယ်။
ဒီလောက်အရေးကြီးတဲ့ ပသခါပွဲဟာ၊ အေဒီ (၃၂၅)ခုနှစ်မှာ ဖျက်သိမ်းခံခဲ့ရတဲ့အတွက်၊
နှစ်ပေါင်း (၁,၆၀၀)ကြာအောင် မစောင့်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ဒီနေ့ခေတ်မှာ၊ ပသခါပွဲဟာ ပြန်တည်ထောင်ခံရပြီး အသက်ပင်လမ်းလည်း ပြန်ပွင့်လာခဲ့ပါတယ်။
ကြိုတင်ဟောစကားအတိုင်း ဒုတိယအကြိမ်ကြွလာတဲ့ ယေရှုခရစ်ဖြစ်တဲ့ ခရစ်တော်အန်ဆန်ဟုန်းဟာ
အချိန်ကြာမြင့်စွာသိမ်းထားခဲ့တဲ့ အသက်ပင်အသီးရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ပေးတော်မူခဲ့တာပဲဖြစ်ပါတယ်။
"ထာဝရဘုရားသည်၊ ဟောင်းသောစပျစ်ရည်ပွဲ ... ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။ ... သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ ... ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မြော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။" ဟေရှာယအနာဂတ္တိကျမ်း ၂၅:၆-၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်