ဗိမာန်တော်တည်ဆောက်ခြင်းကိုအထိမ်းအမှတ်ပြုပြီး ကျင်းပတဲ့ ဓမ္မဟောင်းကျမ်းထဲက သကေနေပွဲဟာ အရိပ်ဖြစ်ပြီး၊ အစစ်ကတော့ ဘုရားသခင်ဟာ အသက်ရေအဖြစ် နောက်မိုးသန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းပေးတဲ့ ဓမ္မသစ်ကျမ်းထဲက သကေနေပွဲတော်ပဲ ဖြစ်ပါတယ်။ ဒီအရာကပြသနေတာကတော့၊ လူသားအားလုံးဟာ နောက်မိုးသန့်ရှင်းသောဝိညာဉ်တော်နဲ့ ကယ်တင်ခြင်းကို ခံရနိုင်ဖို့အတွက်၊ ယေရုရှလင်ဗိမာန်တော်အဖြစ် ကိုယ်စားပြုထားတဲ့ အမေဘုရားသခင်ဆီကို လာရမယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
ဘုရားသခင်ကပဲ လူသားတွေကို အသက်ရေပေးနိုင်ပါတယ်။ ဒါကြောင့်၊ နောက်ဆုံးသောကာလမှာ အသက်ရေကို အဘိုးမယူဘဲပေးနေတဲ့ ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သတို့သမီးတို့ဟာ အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ပဲ ဖြစ်ပါတယ်။
"ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။" ဗျာဒိတ်ကျမ်း ၂၂:၁၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်