မောရှေနဲ့ ယေရှုခရစ်ကြားမှာ ကြိုတင်ဟောစကားနဲ့ ပြည့်စုံခြင်းရဲ့ ဆက်စပ်မှု ရှိပါတယ်။
မောရှေက လက်ကိုမြှောက်လို့ အနိုင်ရခဲ့တဲ့ ရေဖိဒိမ်အရပ်မှာစစ်တိုက်ခြင်းဟာ
ယေရှုခရစ် လက်ဝါးကပ်တိုင်ပေါ်မှာ အမြှောက်ခံရခြင်းအားဖြင့်
စာတန်နဲ့ ဝိညာဏစစ်ပွဲမှာ အနိုင်ရမယ်ဆိုတဲ့ ကြိုတင်ဟောကြားချက်ဖြစ်ပါတယ်။
ပြီးတော့၊ မီးမြွေကိုက်ခံရပြီး သေလုနီးပါးဖြစ်နေတဲ့ ဣသရေလလူတွေက
သူတို့ကိုကယ်တင်တဲ့ ဘုရားသခင်နှုတ်ကပတ်တော်ရဲ့တန်ခိုးကို မေ့ပြီး၊
နှစ်ပေါင်း(၈၀၀)လောက်ကြာအောင် ကြေးဝါမြွေကိုကိုးကွယ်ခဲ့တဲ့အတွက် ဖျက်ဆီးခြင်းခံခဲ့ရတဲ့သမိုင်းဟာ၊
ဒီနေ့ခေတ်လူသားတွေက ခရစ်တော်ရဲ့ပေးဆပ်မှုအားဖြင့် တည်ထောင်ပေးတော်မူတဲ့
ပဋိညာဉ်တရားသစ်ကို မေ့ပြီး၊ လက်ဝါးကပ်တိုင်ကို ကိုးကွယ်ရင်
ဖျက်ဆီးခြင်းခံရမယ်ဆိုတာကို ပုံရိပ်အဖြစ် ပြသခဲ့တာပဲဖြစ်ပါတယ်။
လက်ဝါးကပ်တိုင်ကို တည်ထောင်တာဟာ ဘုရားသခင်ရဲ့အလိုတော် လုံးဝမဟုတ်ပါဘူး။
ကနဦးအသင်းတော် ယုံကြည်သူတွေအတွက် လက်ဝါးကပ်တိုင်ဟာ
ယေရှုခရစ် ကားတိုင်တင်သတ်ခံခဲ့ရတဲ့ ကျိန်ခြင်းခံရတဲ့သစ်ပင်သက်သက်ပဲ ဖြစ်ခဲ့ပါတယ်။
“ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သောရုပ်တု၊
သွန်းသောဆင်းတုကိုလုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည်
အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။”
တရားဟောရာကျမ်း ၂၇:၁၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်