ဣသရေလလူမျိုးတွေဟာ မီးမြွေအကိုက်ခံရတဲ့အချိန်မှာ သူတို့ကိုကယ်တင်ပေးတဲ့
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို မေ့လျော့ခဲ့ကြပါတယ်။
အဲဒီအစား၊ သူတို့ဟာ ကြေးဝါမြွေရုပ်ကို နှစ်ပေါင်း (၈၀၀) ကျော်ကြာ ကိုးကွယ်ခဲ့ကြပေမယ့်၊
ဟေဇကိအားဖြင့် ကြေးဝါမြွေက ချိုးဖျက်ခံခဲ့ရပါတယ်။
ဒီလိုပါပဲ၊ အရေးကြီးဆုံးအချက်ကတော့၊ ယေရှုခရစ်ရဲ့ အဖိုးတန်တဲ့အသွေးတော်ဟာ
လူသားတွေကို ကယ်တင်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ ဖြစ်ပါတယ်။
အဲဒါကြောင့်၊ ကျွန်ုပ်တို့ဟာ လူသတ်ကိရိယာပဲဖြစ်တဲ့ လက်ဝါးကပ်တိုင်ကို
တည်ထောင်မယ်ဆိုရင်၊ ကျိန်ခြင်းခံရမယ်ဆိုတာကို နားလည်ရမှာဖြစ်ပါတယ်။
ရှေးဗာဗုလုန်ခေတ်ကတည်းက ရောမမြို့အထိ လက်ဆင့်ကမ်းလာခဲ့တဲ့ လက်ဝါးကပ်တိုင်ကို
ယေရှုခရစ် ကောင်းကင်ကိုတက်ကြွခဲ့ပြီး တမန်တော်အားလုံး ထွက်ခွာသွားပြီးနောက်၊
အေဒီ (၄၃၁)ဝန်းကျင်မှာ အသင်းတော်ထဲကို မိတ်ဆက်ခဲ့ပါတယ်။
“ရုပ်တုကို မကိုးကွယ်နှင့်”လို့ မိန့်တော်မူတဲ့ ခရစ်တော် အန်ဆန်ဟုန်းနဲ့
အမေဘုရားသခင်ရဲ့ သင်ကြားမှုအတိုင်း၊ ဘုရားသခင်၏အသင်းတော်ဟာ
လက်ဝါးကပ်တိုင် ဒါမှမဟုတ် တခြားရုပ်တုတွေကို စိုက်ထူပြီး မကိုးကွယ်ကြပါဘူး။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။
ထွက်မြောက်ရာကျမ်း ၂၀:၄-၅
ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သောရုပ်တု၊ သွန်းသောဆင်းတုကိုလုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
တရားဟောရာကျမ်း ၂၇:၁၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်