ဣသရေလလူမျိုးတွေက ဘုရားသခင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့
ဥပဒေတွကို မစောင့်ရှောက်တဲ့အချိန်မှာ၊ ဘုရားသခင်ဟာ သူတို့ဆီကနေ
ထွက်ခွာသွားတဲ့အတွက်၊ သူတို့ဟာ အားနည်းလာပြီးတော့ တစ်ပါးအမျိုးသားတွေရဲ့
နင်းချေခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားသခင်ကိုပဲ
သစ္စာရှိရှိနဲ့ အစေခံတဲ့အချိန်မှာတော့ ဘုရားသခင်ဟာ သူတို့နဲ့အတူရှိတဲ့အတွက်၊
သူတို့ဟာ အားကြီးတဲ့နိုင်ငံဖြစ်လာပြီးတော့၊ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ခဲ့ပါတယ်။
တရားသူကြီးမှတ်စာ၊ ရာဇဝင်ချုပ်ပဌမစောင်၊ ဓမ္မရာဇဝင်တတိယစောင်
အစရှိတဲ့ ကျမ်းစာထဲမှာ ရေးထားတဲ့အတိုင်း
ဣသရေလလူတွေဟာ ဒုစရိုက်ကိုပြုပြီး ဘုရားသခင်ကို စွန့်ပစ်တဲ့အချိန်တိုင်းမှာ
ဘာမှမတတ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ကြပါတယ်။
“ကျမ်းစာ၌အထက်ကရေးထားသမျှသည် ငါတို့ကိုဆုံးမဩဝါဒပေး၍ ရေးထားသတည်း။” ရောမဩဝါဒစာ ၁၅:၄
ကျမ်းစာထဲက ဒီသင်ခန်းစာကနေတစ်ဆင့်၊ ဘုရားသခင်၏အသင်းတော်ဟာ
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ကယ်တင်ရှင်အဖြစ်ကြွလာတဲ့
အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ကို ယုံကြည်ပြီး သူတို့ရဲ့သင်ကြားချက်တွေကို နာခံကြပါတယ်။
ဒါကြောင့် ဘုရားသခင်ဟာ ကျွန်ုပ်တို့နဲ့ အမြဲတမ်းအတူရှိပြီး၊
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဇိအုန်အားလုံးနဲ့ မိသားစုဝင်တွေကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်