ခေတ်သစ်လူ့အဖွဲ့အစည်းမှာ၊ လူများစွာဟာ အစားအစာအားဖြင့် ကျန်းမာချင်ကြပါတယ်။
လူတွေဟာ အသက်ရှည်စေတဲ့ superfood ကို ဘုရားကချပေးတဲ့ အစားအစာလို့ ပြောကြပေမဲ့၊
တကယ်တမ်းတော့ ဘုရားချပေးတဲ့အစားအစာဟာ တခြားအရာဖြစ်ပါတယ်။
ဘုရားသခင်ဟာ ခါနာန်ပြည်ကို ဦးတည်ပြီးသွားခဲ့တဲ့ ဣသရေလလူတွေအတွက်
သဲကန္တာရထဲမှာ နှစ် (၄၀)လုံးလုံး မန္နမုန့်ကို နေ့တိုင်း ချပေးတော်မူခဲ့ပါတယ်။
ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းကြားက ဆက်နွှယ်မှုဟာ အရိပ်နဲ့ အစစ်အမှန်ပဲဖြစ်ပါတယ်။
သဲကန္တာရထဲမှာ ဣသရေလလူတွေစားခဲ့တဲ့ မန္နမုန့်ဟာ ယေရှုခရစ်ကို ဆိုလိုပါတယ်။
ပြီးတော့၊ ထာဝရအသက်ကိုပေးတဲ့ အသက်မုန့်ဖြစ်တော်မူတဲ့ ယေရှုခရစ်ကို စားသောက်နိုင်တဲ့နည်းလမ်းကို
ပဋိညာဉ်တရားသစ် ပသခါပွဲထဲမှာ နှစ်မြှုပ်ထားတော်မူခဲ့ပါတယ်။
ဘုရားသခင်၏အသင်းတော်မှာ စောင့်ရှောက်တဲ့ ပသခါပွဲ မုန့်နဲ့ စပျစ်ရည်ဟာ၊
အမှန်တကယ် ဘုရားကချပေးတဲ့ အစားအစာပဲဖြစ်ပါတယ်။
"ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ... ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။" ရှင်ယောဟန်ခရစ်ဝင် ၆:၅၁-၅၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်