လူသားတွေဟာ ကောင်းကင်မှာပြစ်မှားပြီး ဒီမြေကြီးကို မောင်းထုတ်ခံခဲ့ကြရတဲ့ ဝိညာဉ်တွေဖြစ်ပါတယ်။
ဘုရားသခင်ဟာ ကောင်းကင်မှာကျူးလွန်တဲ့အပြစ်တွေကို ခွင့်လွှတ်ပေးဖို့အတွက်၊
ဝတ်ပြုရာနေ့(ဥပုသ်နေ့)ကို သတ်မှတ်ပေးတော်မူခဲ့ပြီး၊
အဲဒီနေ့ဟာ ဘုရားသခင်ရဲ့လူမျိုးဖြစ်တယ်ဆိုတဲ့
လက္ခဏာသက်သေဖြစ်လာလိမ့်မယ်လို့ ကတိပြုတော်မူခဲ့ပါတယ်။
ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)က၊ လူသားတွေကိုကယ်တင်ဖို့ ဒီမြေကြီးကိုကြွလာတဲ့ ယေရှုခရစ်ရော၊
ယေရှုခရစ်ရဲ့ပုံသက်သေကိုလိုက်လျှောက်တဲ့ ကနဦးအသင်းတော်က တမန်တော်တွေပါ၊
ဥပုသ်နေ့ကို တန်ဖိုးထားပြီး စောင့်ခဲ့ကြတာပဲဖြစ်ပါတယ်။
"ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ... ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။" ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၅-၂၄
ယေရှုခရစ် ရှင်ပြန်ထမြောက်တော်မူတဲ့ တနင်္ဂနွေနေ့ဟာ
'ဥပုသ်နေ့လွန်ပြီး ပထမနေ့ရက်'ဖြစ်တယ်ဆိုတဲ့ ကျမ်းစာရဲ့မှတ်တမ်းကို ကြည့်တာနဲ့တင်၊
ဘုရားသခင် အထူးခွဲခြားတော်မူပြီး ကောင်းချီးပေးတဲ့ သတ္တမနေ့ ဥပုသ်နေ့ဟာ
စနေနေ့ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။
သမ္မာကျမ်းစာရဲ့ မှတ်တမ်းတွေအရ၊ ဘုရားသခင်၏အသင်းတော်ဟာ ဥပုသ်နေ့မှာ ဝတ်ပြုကိုးကွယ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်