ဘုရားသခင်ရဲ့ပညတ်တော်ကို စောင့်ရှောက်တဲ့သူတွေဟာ ဘုရားသခင်ကိုသိတဲ့သူတွေလို့
သမ္မာကျမ်းစာက သက်သေပြုထားပါတယ်။
"ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ... ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကိုသုံးသောသူ ဖြစ်၍" ရှင်ယောဟန်သြဝါဒစာပထမစောင်၂:၃-၄
ဘုရားသခင်ကိုယ်တိုင် သတ်မှတ်ပေးတော်မူမယ်လို့ ကြိုတင်ဟောကြားထားတဲ့
ပဋိညာဉ်တရားသစ်ရဲ့အနှစ်သာရကတော့၊ 'ပသခါပွဲ'ဖြစ်ပါတယ်။
သူဟာ ပသခါပွဲထဲမှာ ထာဝရအသက်ရဲ့လမ်းနဲ့ အပြစ်ခွင့်လွှတ်ခြင်းရဲ့လျှို့ဝှက်ချက်ကို ထည့်သွင်းထားခဲ့ပြီး၊
ဘေးအန္တရာယ်ကနေ ကာကွယ်ပေးခြင်းနဲ့ တခြားနတ်တွေကို အပြစ်ပေးတဲ့တန်ခိုးကိုလည်း
ထည့်သွင်းထားတော်မူခဲ့ပါတယ်။
ဒီလောက်အရေးကြီးပြီး ကြီးမားတဲ့ကောင်းချီးပါဝင်တဲ့
ပဋိညာဉ်တရားသစ်ရဲ့ပွဲတော်ကို ကျွန်ုပ်တို့မစောင့်နိုင်ဖို့၊
စာတန်ဟာ အေဒီ (၃၂၅)ခုနှစ်၊ နိုင်စီးယား ဘာသာရေးအစည်းအဝေးမှာ ပသခါပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
ဘုရားသခင်ရဲ့လူမျိုးတွေဟာ ဒုတိယအကြိမ်ကြွလာတဲ့ယေရှုခရစ်၊
ခရစ်တော်အန်ဆန်ဟုန်း ပြန်တည်ထောင်ပေးတဲ့
ဘုရားသခင်ရဲ့ပညတ်တော်ဖြစ်တဲ့ ပသခါပွဲကို စောင့်ရှောက်ကြရပါမယ်။
ဘုရားသခင်ကိုယ်တိုင် တည်ထောင်ပေးတဲ့ ပသခါပွဲကို
ယုံကြည်စိတ်ချမှုရှိခဲ့ကြတဲ့ ကနဦးအသင်းတော် သန့်ရှင်းသူတွေဟာ၊
အသက်အန္တရာယ်ရှိတဲ့ အချိန်မှာတောင်၊ အသက်ရဲ့အမှန်တရားကို မစွန့်လွှတ်ခဲ့ကြပါဘူး။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်