ဧဒင်ဥယျာဉ်ထဲမှာ ဘုရားသခင်က “စားလျှင်သေမည်”လို့ ပညတ်ထားတဲ့ ကောင်းမကောင်းကိုသိကျွမ်းရာအပင်ရဲ့အသီးနဲ့၊
ဘယ်အချိန်မှာပဲဖြစ်ဖြစ်စားနိုင်ပြီး ထာဝရအသက်ပေးတဲ့ အသက်ပင်ရဲ့အသီး ရှိခဲ့ပါတယ်။
ဒါပေမဲ့၊ အာဒံနဲ့ဧဝဟာ မြွေရဲ့လှည့်ဖြားခြင်းကို ခံရပြီး၊ ဘုရားသခင်ရဲ့အမိန့်တော်ကို ချိုးဖောက်ခဲ့တဲ့အတွက်၊ အသက်ပင်ရဲ့အသီးကို မစားနိုင်တော့ဘဲ သေခြင်းကိုရောက်ခဲ့ရတာ ဖြစ်ပါတယ်။
အသက်ပင်ရဲ့အသီးဟာ ယေရှုခရစ်ရဲ့အသားနဲ့ အသွေးကို စားသောက်တဲ့
ပဋိညာဉ်တရားသစ် ပသခါဖြစ်ပါတယ်။
ဘုရားသခင်ဟာ ကောင်းမကောင်းကိုသိကျွမ်းရာအပင်ရဲ့ သေခြင်းအပြစ်ထဲမှာ
ပိတ်လှောင်ခံနေရတဲ့ လူသားတွေကို ကယ်တင်ဖို့အတွက်၊
သန့်ရှင်းသောပြက္ခဒိန် ဒုတိယလမှာ ပသခါပွဲကို စောင့်နိုင်တဲ့အခွင့်အရေးကို
တစ်ခါပြန်ပြီး ပေးတော်မူခဲ့ပါတယ်။
ပသခါပွဲဟာ အေဒီ (၃၂၅)မှာ ဖျက်သိမ်းခြင်းခံခဲ့ရပြီးတော့ အသက်ပင်သွားတဲ့လမ်းဟာ
ပြန်ပိတ်သွားခဲ့ပါတယ်။ ဒါကြောင့် ပြန်ပိတ်သွားတဲ့ အသက်ပင်လမ်းကို သမ္မာကျမ်းစာရဲ့
ကြိုတင်ဟောစကားအတိုင်း ပြန်ရှာဖွေပေးတဲ့သူဟာ
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိ သာသနာပြုအဖွဲ့
အစည်းကို တည်ထောင်တဲ့
ခရစ်တော်အန်ဆန်ဟုန်းဖြစ်ပါတယ်။
“ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို … သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ …
ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မြော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။” ဟေရှာယအနာဂတ္တိကျမ်း ၂၅:၆-၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်