ဟေဗြဲဩဝါဒစာထဲမှာ ခရစ်တော်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက်
ဒုတိယအကြိမ်ကြွလာမယ်လို့ ကြိုတင်ဟောပြောထားပါတယ်။
နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ဇိအုန်ကိုကြွလာပြီး၊
သူ့ရဲ့လမ်းခရီးတော်တွေကို ကိုယ်တိုင်သွန်သင်ပေးမယ်လို့ မိက္ခာအနာဂတ္တိကျမ်းမှာ
ကြိုတင်ဟောပြောထားပါတယ်။
ပြီးတော့ ပဋိညာဉ်တရားသစ်ပသခါပွဲအားဖြင့် လူသားတွေကို
ထာဝရအသက်ပေးတဲ့သူဟာ ကျွန်ုပ်တို့ရဲ့ ဘုရားသခင်ဖြစ်တယ်လို့
ဟေရှာယအနာဂတ္တိကျမ်းမှာ ကြိုတင်ဟောပြာထားပါတယ်။
ခရစ်တော်အန်ဆန်ဟုန်းဟာ ဒီလောကကို လူ့ဇာတိနဲ့ ဒုတိယအကြိမ်ကြွလာခဲ့ပြီး၊
အေဒီ (၃၂၅)ခုနှစ်မှာ ပျက်စီးခဲ့တဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲကို
ပြန်တည်ထောင်ပေးခြင်းအားဖြင့် ဇိအုန်ရဲ့ ရှင်ဘုရင် ဖြစ်လာခဲ့ပါတယ်။
ဒါဝိဒ်မင်းရဲ့ ပလ္လင်ကြိုတင်ဟောစကားအတိုင်း (၃၇)နှစ်တာ သာသနာအလုပ်ကို
ပြီးစီးပြီးတဲ့နောက်မှာ ဝိညာဉ်တော်ရဲ့ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့
အမေဘုရားသခင်ရဲ့ အမှန်တရားကို ဇိအုန်ရဲ့လူမျိုးတွေဆီ သင်ပေးခဲ့ပါတယ်။
ပေတရုဟာ ထာဝရအသက်ရဲ့နှုတ်ကပတ်ကို ပေးတယ်ဆိုတဲ့
အချက်နဲ့ ယေရှုခရစ်ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုခဲ့သလိုမျိုး၊
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ
ထာဝရအသက်နှုတ်ကပတ်ကိုပေးတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို
မှန်မှန်ကန်ကန်လက်ခံပြီး ယုံကြည်ခြင်းလမ်းကို လျှောက်နေကြပါတယ်။
“ဒုတိယအကြိမ်ကြွလာသော ခရစ်တော်သည်
ဒါဝိဒ်ဟူသောနာမဖြင့် ဤလောကသို့ ကြွလာရမည်ဖြစ်ပြီး၊
(၃၇)နှစ် ဧဝံဂေလိကို ဟောပြီးနောက်၊ သေဆုံးရမည် ဖြစ်သည်။”
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်