ယေရှုခရစ်ဟာ သမ္မာကျမ်းစာရဲ့ ကြိုတင်ဟောစကားအတိုင်း ကလေးသူငယ်အဖြစ် မွေးဖွားလာခဲ့ပြီး၊
မြည်းကလေးစီးပြီးတော့ ယေရုရှလင်မြို့ထဲကို ဝင်လာခဲ့ပါတယ်။
ဒါပေမဲ့၊ ဘုရားသခင်ရဲ့သဘာဝကိုဖုံးကွယ်ပြီး ဒီမြေကြီးကိုကြွလာတဲ့ ယေရှုခရစ်ကို
ယုဒလူတွေဟာ မယုံကြည်နိုင်ခဲ့ကြပါဘူး။
"အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွားမြင်၏။ ... နာမတော်မူကား၊ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်" ဟေရှာယအနာဂတ္တိကျမ်း ၉:၆
လူသားတွေကိုကယ်တင်ဖို့အတွက် ကြွလာတဲ့၊ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီး၊
ခရစ်တော်အန်ဆန်ဟုန်းနဲ့ ကောင်းကင်အမေကို သက်သေပြုတဲ့
ပရောဖက်တွေရဲ့ ကြိုတင်ဟောစကားများစွာရှိပေမဲ့၊
"သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၏"ဆိုပြီး လျစ်လျူရှုခဲ့ကြတဲ့
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)က ယုဒလူတွေရဲ့အမှားမျိုးကို၊ ဒီနေ့ခေတ်လူများစွာဟာ
ထပ်တလဲလဲ ဆက်လုပ်နေကြပါတယ်။
ဒါပေမဲ့၊ နှစ်ပေါင်း (၁,၆၀၀)လောက်ကြာအောင် မစောင့်ရှောက်နိုင်ခဲ့တဲ့ ပသခါပွဲကို
ပြန်တည်ထောင်တော်မူတဲ့ ခရစ်တော်အန်ဆန်ဟုန်းဟာ
ဟေရှာယရဲ့ ကြိုတင်ဟောကြားချက်အတိုင်း လူသားအားလုံး စောင့်မျှော်ခဲ့တဲ့ ဘုရားသခင်ပဲဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်