ဘုရားသခင်က ပွဲတော်တွေကို သတ်မှတ်တော်မူတဲ့ အကြောင်းရင်းကတော့၊
လူသားတွေရဲ့ ပျော်ရွှင်ခြင်းအတွက်ပဲဖြစ်ပါတယ်။
စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို ရှာဖွေဖို့အတွက်၊ လူသားတွေဟာ ဘုရားသခင်တည်ရှိတော်မူတဲ့ ဇိအုန်မှာ
ဘုရားသခင်ရဲ့ပညတ်တော်နဲ့ ပွဲတော်တွေကို စောင့်ရှောက်ကြရမှာဖြစ်ပါတယ်။
"သင်၏အကျိုးကိုထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း။" တရားဟောရာကျမ်း ၁၀:၁၂-၁၃
ဘုရားသခင်ရဲ့ပွဲတော်တွေထဲမှာ၊ အပတ်စဉ်စောင့်တဲ့ပွဲတော်ဖြစ်တဲ့ ဥပုသ်နေ့နဲ့၊
နှစ်စဉ်စောင့်တဲ့ပွဲတော်ဖြစ်တဲ့ ပသခါပွဲ၊ အဇုမပွဲ၊
အဦးသီးသောအသီးပွဲ(ထမြောက်ပွဲ)၊ ခုနစ်သတင်းပွဲ(ပင်တေကုတ္တေပွဲ)၊ တံပိုးမှုတ်ပွဲ၊
အပြစ်ဖြေရာနေ့နဲ့ သကေနေပွဲတွေ ပါဝင်ပါတယ်(ဝတ်ပြုရာကျမ်း ၂၃:၁-၃၄)။
ဘုရားသခင်ရဲ့လူမျိုးတွေဟာ ဘုရားသခင်ရဲ့ပညတ်တွေကို လိုက်လျှောက်ကြပါတယ်။
ဒီနေ့ခေတ်လူများစွာ စောင့်နေကြတဲ့ တနင်္ဂနွေနေ့ဝတ်ပြုခြင်း၊ ခရစ္စမတ်နဲ့
လက်ဝါးကပ်တိုင်ကိုးကွယ်ခြင်းတွေအားလုံးဟာ
သမ္မာကျမ်းစာကိုအခြေမပြုထားတဲ့ လူတွေရဲ့ပညတ်ပဲဖြစ်ပါတယ်။
ဒီနေ့ခေတ် ကမ္ဘာမှာ၊ ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်းကလွဲရင်၊
ဥပုသ်နေ့နဲ့ သုံးပိုင်းခွဲတဲ့ပွဲတော်ခုနစ်ခုကို အပြည့်အဝစောင့်ရှောက်တဲ့အသင်းတော် မရှိပါဘူး။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်