ဘုရားသခင်ဟာ “ငါ၏သက်သေ ဖြစ်ကြလော့၊
ပဋိညာဉ်တရားသစ်၏အမှုထမ်း ဖြစ်ကြလော့” လို့ ပြောရင်း၊
ဝန်ခံပေးတော်မူခြင်း ခံရတဲ့သူတွေဆီ ကောင်းကင်နိုင်ငံဧဝံဂေလိကို အပ်နှံတော်မူခဲ့ပါတယ်။
ဘုရားသခင်ဟာ သူတို့ကို ဘုရားသခင်ရဲ့အမွေခံတွေပဲ လက်ခံရရှိနိုင်တဲ့
ကောင်းကင်နိုင်ငံတော်ကို အမွေခံရတဲ့ကောင်းချီးကို ကတိပြုတော်မူခဲ့ပါတယ်။
ဂိဒေါင်ဟာ အိုးတွေကို ခွဲပြီးတော့ အလင်းကို ထုတ်ဖော်တဲ့အခါ စစ်ပွဲမှာ အောင်နိုင်ခဲ့သလိုမျိုး၊
ကျွန်တော်တို့ဟာ ပဋိညာဉ်တရားသစ်ရဲ့ အမှန်တရားအလင်းအားဖြင့်
ယေရုရှလင်ကောင်းကင်အမေရဲ့ ဘုန်းတော်ကို ထုတ်ဖော်တဲ့အခါ၊
ကနဦးအသင်းတော်ရဲ့ဟောပြောခြင်းလိုမျိုး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အံ့ဖွယ်အမှုတော်ဟာ၊
ဒီနေ့ခေတ်မှာလည်း ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ လူရဲ့ပညတ်တွေအားဖြင့် ဘယ်တော့မှ ကယ်တင်ခြင်းမခံရနိုင်ဘဲ၊
ဘုရားသခင်ရဲ့ဧဝံဂေလိအားဖြင့်ပဲ ကယ်တင်ခြင်းခံရနိုင်ပါတယ်။
ဘုရားသခင်ရဲ့အသင်းတော်ဟာ ခရစ်တော်အန်ဆန်ဟုန်း ပြန်လည်တည်ထောင်ထားတဲ့
ဘုရားသခင်ရဲ့ပညတ်တော်တွေကို စောင့်ရှောက်နေပြီး၊
ဘုရားသခင်ရဲ့သက်သေ တာဝန်ကို အပြည့်အဝ ထမ်းဆောင်နေပါတယ်။
“သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍၊
ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။
ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။
မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။”ရှင်မာကုခရစ်ဝင် ၁၆:၁၅-၁၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်