လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ယေရှုခရစ် ကောင်းကင်ကိုပြန်တက်သွားတဲ့
သမိုင်းကြောင်းကနေတစ်ဆင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့်
ပြောင်းလဲပြီး၊ အာကာသကောင်းကင်မှာ ဘုရားသခင်ကိုတွေ့ဆုံမယ်ဆိုတဲ့ အသက်ရှင်တဲ့
မျှော်လင့်ချက်ဖြစ်တဲ့ ချီဆောင်ခြင်းအတွက်မျှော်လင့်ချက်ကို ဘုရားသခင်က ပေးခဲ့ပါတယ်။
ဧနောက်ဟာ ဘုရားသခင်နဲ့အတူ အမြဲတမ်းလျှောက်လှမ်းခဲ့ပြီး၊
ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့တဲ့သူအဖြစ် သတ်မှတ်ခံရပြီးတော့
အသက်ရှင်လျက် ကောင်းကင်ကိုပြန်တက်သွားခဲ့ပါတယ်။
နောဧလည်း ဘုရားသခင်နဲ့အတူ အမြဲတမ်းလျှောက်လှမ်းခဲ့ပြီး၊
ရေနဲ့တရားစီရင်တဲ့အချိန်မှာ ကယ်တင်ခြင်းခံခဲ့ရပါတယ်။
ဧလိရှဲဟာ ဧလိယ ကောင်းကင်ကိုတက်သွားတဲ့ နောက်ဆုံးအချိန်ထိ
သူ့နောက်ကိုလိုက်ခဲ့ပြီး၊ ပရောဖက်တစ်ဦးအနေနဲ့ အမွေဆက်ခံခဲ့ပါတယ်။
ဒီနေ့ ဘုရားသခင်၏အသင်းတော်မိသားစုဝင်တွေဟာ ဧဝံဂေလိလမ်းမှာ
ချီဆောင်ခြင်းဆိုတဲ့ မျှော်လင့်ချက်နဲ့ အဖအန်ဆန်ဟုန်း၊ အမေဘုရားသခင်နဲ့အတူ
လျှောက်လှမ်းခြင်းအားဖြင့် ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့တဲ့
နောင်တရတဲ့ဘဝနဲ့ နေထိုင်နေကြပါတယ်။
“ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။
သူသည် ... ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု
သက်သေခံခြင်းကို ရလေ၏။” ဟေဗြဲဩဝါဒစာ ၁၁:၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်