အပြစ်ခွင့်လွှတ်ခြင်းခံဖို့အတွက် တစ်စုံတစ်ဦးက အပြစ်ကို ဘယ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါကို ဓမ္မဟောင်းခေတ်မှာ ဥပုသ်နေ့၊ ပုံမှန်မီးရှို့ရာယဇ်၊ ပသခါပွဲ စတဲ့ ပွဲတော်အားလုံးအတွက် ပူဇော်ခဲ့တဲ့ တိရစ္ဆာန်တွေနဲ့၊ အပြစ်ဖြေရာနေ့မှာ စာရေးတံမဲကျတဲ့ဆိတ်ပေါ်မှာ အပြစ်အားလုံးကို လွှဲပြောင်းပြီး သဲကန္တာရကို လွှတ်လိုက်ပြီး သေဆုံးစေခဲ့တဲ့ ဓမ္မဟောင်းပညတ်အားဖြင့် အရိပ်အနေနဲ့ ကြိုတင် ပြသခဲ့ပါတယ်။
ဘုရားသခင်ဟာ လက်ဝါးကပ်တိုင်ရဲ့ ဆင်းရဲဒုက္ခနဲ့ ဖန်ဆင်းခံတွေရဲ့ ပြက်ရယ်ပြုခြင်းနဲ့ မထီမဲ့မြင်ပြုခြင်းအားလုံးကို သည်းခံတဲ့အကြောင်းရင်းဟာ လူသားအားလုံးရဲ့အပြစ်တွေအတွက် အဖိုးအခပေးဆောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်ချင်တဲ့ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်တယ်ဆိုတာကို ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ သိမြင်ကြပါတယ်။
“ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသားအပြစ်တင်ကြ၏။”
ရှင်ယောဟန်သြဝါဒစာပထမစောင် ၁:၉-၁၀
“အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။”
ရှင်မဿဲခရစ်ဝင် ၂၀:၂၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်