ဓမ္မဟောင်းခေတ် မှီခိုရာမြို့ဟာ၊ လူအသက်ကို အမှတ်တမဲ့သတ်မိတဲ့သူတွေ ယာယီခိုလှုံရာဖြစ်ပြီး
အဲဒါဟာ လူသားတွေ ကောင်းကင်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်က ဘာလဲဆိုတာကို ပြသတဲ့ အရိပ်ပဲဖြစ်ပါတယ်။
ဓမ္မဟောင်းခေတ် မှီခိုရာမြို့စနစ်ထဲမှာ ယဇ်ပုရောဟိတ်မင်းရဲ့သေခြင်းအားဖြင့်ပဲ
အပြစ်သားတွေကို သူတို့မွေးရပ်မြေဆီ ပြန်ခွင့်ပြုတော်မူတဲ့ ဘုရားသခင်ရဲ့အလိုတော်ကတစ်ဆင့်
ကောင်းကင်အပြစ်သားတွေ အပြစ်ခွင့်လွှတ်ခြင်းခံရနိုင်တဲ့နည်းလမ်းက ဘာလဲဆိုတာကို သိမြင်နိုင်ပါတယ်။
မေလခိဇေဒက်ရဲ့ ထုံးတမ်းစဉ်လာအတိုင်း ယဇ်ပုရောဟိတ်မင်းအဖြစ်
ဒီမြေကြီးကို ကြွလာခဲ့တဲ့ ယေရှုခရစ်က
လက်ဝါးကပ်တိုင်ပေးဆပ်မှုအားဖြင့် တည်ထောင်ပေးတော်မူတဲ့
ပဋိညာဉ်တရားသစ် ပသခါနဲ့ ဆယ်ဘို့တစ်ဘို့ပညတ်ကတစ်ဆင့်
မှီခိုရာမြို့ ကမ္ဘာကနေ ကောင်းကင်မွေးရပ်မြေကို ပြန်နိုင်တဲ့ ဘုန်းတော်လမ်း ပွင့်သွားခဲ့ပါတယ်။
ဘုရားသခင်၏အသင်းတော်ဟာ ပဋိညာဉ်တရားသစ် ပသခါနဲ့၊ ဆယ်ဘို့တစ်ဘို့ပညတ်ကို စောင့်ရှောက်ရင်း
ဘုရားသခင်ရဲ့အလိုတော်နောက်ကို လိုက်လျှောက်နေကြပါတယ်။
‘ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့်
နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။
ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူအပေါင်းတို့အား
ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍။
မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု
ဘုရားသခင်သမုတ်တော်မူခြင်းကို ခံရ၏။’
[ဟေဗြဲသြဝါဒစာ ၅:၈-၁၀]
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်