ဒီနေ့ခေတ် ဘုရားသခင်၏အသင်းတော်က တစ်နှစ်တစ်ခါကျင်းပတဲ့
အပြစ်ဖြေရာနေ့ဟာ ဣသရေလလူမျိုးတွေ သဲကန္တာရထဲမှာ နှစ်လေးဆယ်
နေခဲ့တဲ့အချိန်ကနေ စတင်ခဲ့တာဖြစ်ပြီး၊ အပြစ်ဖြေရာနေ့ကနေတစ်ဆင့် ဘုရားသခင်ဟာ
အပြစ်ကဘယ်လိုမျိုး ခွင့်လွှတ်ပေးသလဲဆိုတာနဲ့၊ ကယ်တင်ခြင်းကို ကျွန်တော်တို့ဆီ
ဘယ်လိုနည်းလမ်းနဲ့ ပေးအပ်သလဲဆိုတာကို လူတွေဆီ သိစေခဲ့ပါတယ်။
အပြစ်ဖြေရာနေ့၏မူလအစ
အပြစ်ဖြေရာနေ့ဆိုတာဟာ မောရှေက ပညတ်တော်ဆယ်ပါးကိုခံယူဖို့အတွက်
သိနာတောင်ပေါ်မှာ ရက်လေးဆယ်အစာရှောင်ပြီးနေနေတုန်းမှာ ရွှေနွားသငယ်ရုပ်ကို
ကိုးကွယ်ခဲ့တဲ့ ဣသရေလလူမျိုးတွေရဲ့အပြစ်ကို ဘုရားသခင်က ခွင့်လွှတ်ပေးတဲ့နေ့
ဖြစ်ပါတယ်။ ဒီနေ့ဟာ ဘုရားသခင်က သူတို့ရဲ့အပြစ်ကိုခွင့်လွှတ်ပေးတယ်ဆိုတဲ့
အထိမ်းအမှတ်အနေနဲ့ ပညတ်တော်ဆယ်ပါးကို ဒုတိယအကြိမ် ပြန်ခွင့်ပြုပေးခဲ့တဲ့
နေ့ဖြစ်ပါတယ်။
သာမန်အချိန်တွေမှာ လူမျိုးတွေရဲ့အပြစ်ကို
တဲတော်ထဲမှာ တစ်နှစ်ပတ်လုံး သိမ်းထားခဲ့ပါတယ်။
ပြီးတော့ အပြစ်ဖြေရာနေ့မှာ ယဇ်ပုရောဟိတ်က
သူ့ရဲ့လက်ကို စာရေးတံကျတဲ့ ဆိတ်ရဲ့အပေါ်ကိုတင်လိုက်တဲ့အချိန်မှာ
အပြစ်တွေက ဆိတ်အပေါ်ကို ရောက်ရှိသွားပြီး
ဆိတ်ကို သဲကန္တာရထဲကို ပို့ခဲ့ပါတယ်။
စာရေးတံကျတဲ့ဆိတ်သေသွားတဲ့အချိန်မှာ လူမျိုးတွေရဲ့အပြစ်က
နောက်ဆုံးမှာ ခွင့်လွှတ်ခြင်းခံခဲ့ရပါတယ်။
အဲဒီလိုပါပဲ၊ တဲတော်ရဲ့အစစ်အမှန်ဖြစ်တဲ့ အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ဟာ
လူသားတွေရဲ့အပြစ်နဲ့ ဒုက္ခဝေဒနာအားလုံးကို ယူဆောင်ထားပြီး၊
အပြစ်ဖြေရာနေ့မှာ အဲဒီအပြစ်တွေအားလုံးကို စာတန်အပေါ်ကိုလွှဲပြောင်းပေးပြီးတော့၊
အဲဒီနောက်မှာ စာတန်ဟာ အပြစ်ငရဲထဲကို ဝင်သွားပါတယ်။
သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတံ့။ ဗျာဒိတ်ကျမ်း ၂၀:၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်