ဘုရားသခင်ဟာ စိတ်ပျက်အားငယ်နေတဲ့လူသားတွေဆီ
မျှော်လင့်ချက်စကားကို သယ်ဆောင်ပေးတော်မူခဲ့ပါတယ်။
လောကမှာ စကားအမျိုးမျိုးရှိပြီး၊ အဲဒီထဲမှာ တန်ဖိုးအရှိဆုံးနဲ့ အကြီးမြတ်ဆုံးစကားကတော့
ဝိညာဉ်တစ်ဦးကို ကယ်တင်တဲ့စကားပဲဖြစ်ပါတယ်။
"ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၆:၆၃)"
"ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၉)"
ယေရှုခရစ်နဲ့အတူ လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲခံခဲ့ရတဲ့ ဓားပြတွေထဲက တစ်ယောက်ဟာ၊
ယေရှုခရစ်ကို အကာအကွယ်ပေးခဲ့ပြီး၊
ကောင်းချီးတောင်းခံတဲ့စကားကို ပြောခြင်းအားဖြင့် ကယ်တင်ခြင်းခံခဲ့ရပြီး၊
ယောရှုနဲ့ ကာလက်တို့လည်း ယုံကြည်ခြင်းရှိတဲ့စကားကိုပြောခြင်းအားဖြင့်
ကောင်းချီးကို ခံစားခဲ့ကြရပါတယ်။
ဒီသမိုင်းတွေအားလုံးဟာ ဒီနေ့ခေတ်ကျွန်ုပ်တို့အတွက် အရေးကြီးတဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်။
ကောင်းကင်မှာ အပြစ်ကျူးလွန်ပြီး ဒီမြေကြီးကို နှင်ထုတ်ခံရပြီးတော့
သေခြင်းဆီပြေးသွားနေတဲ့ လူသားတွေအတွက်၊
ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်စကားတွေ လိုအပ်ပါတယ်။
ဘုရားသခင်၏အသင်းတော်က သယ်ဆောင်တဲ့ မျှော်လင့်ချက်စကားတွေဟာ
ကမ္ဘာ့နေရာအနှံ့ထိ ရောက်ရှိပြီးတော့၊
လူသားအားလုံး စိတ်ပျက်အားငယ်ခြင်းကနေ လွတ်မြောက်ပြီး၊
စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို ရှာဖွေတွေ့ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်