ကျွန်ုပ်တို့ရဲ့ဘဝမှာ ကျွန်ုပ်တို့ရဲ့အခြေအနေနဲ့ပတ်ဝန်းကျင်တွေကို ကျေနပ်မှုမရှိဘူးလို့ ခံစားရတဲ့အခါ၊
ကျွန်ုပ်တို့ရဲ့အမြင်ကို ပြောင်းလဲဖို့လိုအပ်ပါတယ်။
ရှေးတုန်းက၊ ဘုရားသခင်ဟာ ဂိဒေါင်ရဲ့စစ်သူရဲ (၃၀၀)ကို
မိဒျန်လူပေါင်း (၁၃၅,၀၀၀)နဲ့ စစ်တိုက်ပြီးတော့ အောင်ပွဲခံစေခဲ့ပါတယ်။
အဲဒီအောင်ပွဲရဲ့သော့ချက်ကတော့ ဘုရားသခင်အပေါ် အကြွင်းမဲ့မှီခိုအားထားတဲ့ ယုံကြည်ခြင်းပဲဖြစ်ပါတယ်။
(တရားသူကြီးမှတ်စာ ၆:၁၄-၄၀၊ ၇:၁-၂၃)။
တမန်တော်ပေါလုလည်း ဧဝံဂေလိကိုဟောပြောတဲ့အခါ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပေမဲ့၊
ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ သူဟာ ကျေနပ်ရောင့်ရဲတတ်လာတယ်လို့ သက်သေခံခဲ့ပါတယ်။
ယုံကြည်သူတွေဟာ ဒီလိုကျမ်းစာရဲ့နှုတ်ကပတ်တော်ကို စိတ်ထဲမှာထုထွင်းပြီး၊
ယုံကြည်ခြင်းအသက်တာကိုရှင်သန်ရမယ်လို့ ဘုရားသခင်၏အသင်းတော်က ဟောပြောနေပါတယ်။
"ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။" ဖိလိပ္ပိသြဝါဒစာ ၄:၁၁
ကျွန်ုပ်တို့ကို ကူညီမစတော်မူတဲ့ဘုရားသခင်ကို အားကိုးတဲ့အခါ၊
ကျွန်ုပ်တို့ရဲ့အမြင်ဟာ ပြောင်းလဲသွားပြီးတော့၊
ဒီထက်မက၊ အဲဒီအခြေအနေကို ကျော်လွှားနိုင်တဲ့ခွန်အားကိုလည်း ရရှိနိုင်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်