သမ္မာကျမ်းစာဟာ ကျွန်ုပ်တို့ ထာဝရကောင်းကင်ကို မဝင်ခင်အထိ
စစ်ကြောစုံစမ်းခြင်းတွေ အများကြီးရှိလိမ့်မယ်လို့ မိန့်ကြားထားပါတယ်။
တချို့က ငွေရေးကြေးရေးနဲ့ဆိုင်တဲ့စုံစမ်းမှု၊
တချို့က ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံရေးကတစ်ဆင့်လာတဲ့ စုံစမ်းမှု၊
တချို့က အားနည်းတဲ့အသိပညာကတစ်ဆင့် စုံစမ်းမှုကို ခံရပါတယ်။
ဒီလိုစစ်ကြောစုံစမ်းခြင်းတွေကို ကျော်လွှားတဲ့သူတွေဟာ
ရွှေထက် ပိုတန်ဖိုးရှိတဲ့သူတွေဖြစ်ပြီးတော့၊
ကောင်းကင်နိုင်ငံမှာ ဘုရားသခင်ဆီကနေ ချီးမွမ်းခြင်း၊ ဘုန်းတော်နဲ့
ဂုဏ်အသရေကို ခံရကြလိမ့်မယ်လို့ သမ္မာကျမ်းစာက မိန့်ကြားထားပါတယ်။
"အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊
ပျက်စီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်
သင်တို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊
ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ အချီးအမွမ်း၊ ဂုဏ်အသရေ၊
ဘုန်းအာနုဘော်အလိုငှာ ဖြစ်မည်အကြောင်း၊"
ရှင်ပေတရုသြဝါဒစာပထမစောင် ၁:၇
ကနဦးဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ၊
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)က "မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍
ငါ့နောက်သို့ လိုက်လော့"လို့ ယေရှုခရစ်မိန့်တော်မူတဲ့အတိုင်း၊
အမြဲတမ်းဝမ်းမြောက်ပြီး အရာရာတိုင်း ကျေးဇူးတင်တဲ့စိတ်နဲ့
မိမိတို့ရဲ့လက်ဝါးကပ်တိုင်ကို ထမ်းပြီး ယုံကြည်ခြင်းကို စစ်ကြောခံခဲ့ကြပါတယ်။
ဘာကြောင့်လဲဆိုရင်၊ ဒီမြေကြီးမှာခံစားရတဲ့ ဆင်းရဲဒုက္ခဟာ
နောင်ခံရမယ့်ဘုန်းတော်နဲ့ နှိုင်းယှဉ်လို့မရတဲ့အတွက်ပဲ ဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်