အနန္တတန်ခိုးရှင် ယေရှုခရစ်တော်ဟာ သူ့မှာတန်ခိုးမရှိလို့ လက်ဝါးကပ်တိုင်မှာ အသေသတ်ခံခဲ့ရတာ မဟုတ်သလို သစ္စာရှိတဲ့ပေတရုဟာ သူထင်တဲ့အတိုင်း ယေရှုခရစ်ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့တာမဟုတ်ပါဘူး။
သမ္မာကျမ်းစာကို ပြည့်စုံစေဖို့အတွက် ဘုရားသခင်ကပဲ ကြိုတင်ဟောစကားနဲ့အညီ အခြေအနေအားလုံးကို ထုတ်ဖော်ခဲ့ပါတယ်။
ဟေရှာယအနာဂတ္တိကျမ်း (၅၃)နဲ့ (၅၄)ဟာ ကောင်းကင်အဖေနဲ့ ကောင်းကင်အမေရဲ့ ပေါ်ထွန်းခြင်းအကြောင်းကို ကြိုတင်ဟောကြားထားပါတယ်။
ဒီလိုပါပဲ သမ္မာကျမ်းစာဟာ လူသားအားလုံးက သူတို့ရဲ့အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရပြီး ထာဝရကောင်းကင်ကို ပြန်သွားနိုင်ဖို့အတွက် ဒီမြေကြီးကိုကြွလာတဲ့ အန်ဆန်ဟုန်းဘုရားသခင်နဲ့ အမေဘုရားသခင်တို့ ဖြစ်သန်းရမယ့် နာကျင်စရာဘဝအကြောင်းကိုလည်း ကြိုတင်ဟောပြောထားပါတယ်။
ကျွန်တော်တို့ဟာ ကြိုတင်ဟောစကားကို လိုက်နာပြီး ယေရုရှလင်ကောင်းကင်အမေနဲ့ အမြဲအတူရှိတဲ့လူမျိုးတွေ ဖြစ်လာရမယ်လို့ သမ္မာကျမ်းစာက သက်သေပြုထားပါတယ်။
ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။ သို့ဖြစ်လျှင် ဤသို့သော အမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ပြည့်စုံအံ့နည်းဟု မိန့်တော်မူ၏။ ... ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် ၂၆:၅၃-၅၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်