ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့ကြွလာတယ်လို့ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပါတယ်။
ကျွန်ုပ်တို့ရဲ့အတွေးကို ထပ်မထည့်ဘဲ ကျမ်းစာကိုကြည့်တဲ့အခါ၊
ကျွန်ုပ်တို့ကို ကယ်တင်ဖို့ကြွလာတဲ့ဘုရားသခင်က ဘယ်သူဖြစ်တယ်ဆိုတာကို
ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။
ကမ္ဘာမြေကြီးစနစ် တော်တော်များများကို ကောင်းကင်အရာတွေအတိုင်း ပြုလုပ်ထားပါတယ်။
မြေကြီးပေါ်မှာရှိတဲ့ မိသားစုစနစ်ဟာလည်း၊ ကောင်းကင်မိသားစုစနစ်ရဲ့ မိတ္တူပဲဖြစ်ပါတယ်။
လောကီမိသားစုမှာ အဖေရှိသလို၊ ကောင်းကင်မိသားစုမှာလည်း အဖေဘုရားသခင် ရှိတော်မူပြီး၊
ဘုရားသခင်ကို အဖေလို့ခေါ်တဲ့ သားသမီးတွေလည်း ရှိပြီး(ကောရိန္သုသြဝါဒစာဒုတိယစောင် ၆:၁၇-၁၈)၊
အဲဒီသားသမီးတွေကို မွေးဖွားပေးတဲ့ အမေဘုရားသခင်လည်း ကျိန်းသေရှိတော်မူပါတယ်(ဂလာတိသြဝါဒစာ ၄:၂၆)။
နောက်ဆုံးသောနေ့မှာ၊ သန့်ရှင်းသောဝိညာဉ်တော်ဟာ 'ပသခါပွဲ'ကတစ်ဆင့်
ဘုရားသခင်ရဲ့သားသမီးတွေကို သက်သေပြုတော်မူပါတယ်။
အဖေဘုရားသခင်တင်မကဘဲ၊ အမေဘုရားသခင်ကိုလည်း ယုံကြည်ပြီး၊
ပသခါပွဲအားဖြင့် ဘုရားသခင်ရဲ့အသားနဲ့အသွေးကို ဆက်ခံတဲ့သူတွေပဲ
ဘုရားသခင်ရဲ့ စစ်မှန်တဲ့သားသမီးတွေဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်