ဝတ်ပြုကိုးကွယ်မှုတိုင်းကနေတစ်ဆင့် ဘုရားသခင်ဟာ သူ့ရဲ့သားသမီးတွေကို
ကောင်းကင်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ပေးတော်မူတဲ့အတွက်၊
ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်တဲ့ အပြုအမူသက်သက်ဟာ
ဝမ်းမြောက်မှုနဲ့ ပျော်ရွှင်မှုပဲဖြစ်ပါတယ်။
ကောင်းကင်မျှော်လင့်ချက်မရှိဘဲ၊ တာဝန်သိစိတ်နဲ့ပဲ နေထိုင်တဲ့ ယုံကြည်ခြင်းအသက်တာဟာ
စုံစမ်းခြင်းကို ဖြစ်ပေါ်လာစေပါတယ်။
ကျွန်ုပ်တို့ဟာ စာတန်ရဲ့ ပရိယာယ်ထဲမှာ ကျရှုံးခဲ့တဲ့ အာဒံနဲ့ ဧဝရဲ့ လမ်းနောက်ကို မလိုက်ဘဲ၊
ယောဘလိုမျိုး အကြွင်းမဲ့ယုံကြည်ခြင်းရှိပြီး၊ အဆုံးထိ ဘုရားသခင်ကို ရိုသေလေးမြတ်ပြီးတော့၊
ယေရှုခရစ်ရဲ့ပုံသက်သေအတိုင်း ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်
စုံစမ်းမှုတွေကို ကျော်လွှားကြရမှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံသွားတဲ့လမ်းကို အနှောင့်အယှက်ပေးတဲ့
လောကစုံစမ်းမှုတွေအားလုံးဟာ စမ်းသပ်မှုတွေပဲဖြစ်ပါတယ်။
ဣသရေလလူမျိုးတွေဟာ သဲကန္တာရထဲမှာ နှစ် (၄၀)လုံးလုံး
အချိန်တိုင်း စုံစမ်းမှုကို ခံခဲ့ရသလိုမျိုး၊ ကောင်းကင်ခါနာန်ကို
ဦးတည်သွားကြတဲ့ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ
စမ်းသပ်ခြင်းကိုခံရပေမဲ့၊ အဖေဘုရားသခင်နဲ့ အမေဘုရားသခင်အပေါ်
အကြွင်းမဲ့ယုံကြည်ခြင်းရှိမယ်ဆိုရင် စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ပြီး
အဆုံးမှာ ကောင်းကင်ရဲ့ကောင်းချီးမင်္ဂလာကို ရရှိကြမှာဖြစ်ပါတယ်။
“မြေကြီးပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာကာလတွင်၊
သင့်ကို ငါစောင့်ရှောက်မည်။”ဗျာဒိတ်ကျမ်း ၃:၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်