ကောင်းကင်မိသားစုဟာ လောကီမိသားစုရဲ့ အစစ်အမှန်ပဲဖြစ်ပါတယ်(ဟေဗြဲ ၈:၅)။
ဘုရားသခင်ရဲ့သားသမီးဖြစ်တယ်ဆိုရင်၊ ဝိညာဏမိဘဖြစ်တော်မူတဲ့
အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ကို
အချိန်နဲ့ နေရာမရွေး ရဲရဲရင့်ရင့် ဝါကြွားနိုင်သင့်ပါတယ်။
(မိခင်၏ပေးဆပ်မှုကို လျစ်လျူရှုသောသားနှင့် သူ၏မိခင်အကြောင်းကို ဝါကြွားသောသားအကြောင်း)
"အချို့သောသူတို့သည် ရထားကို၎င်း၊ အချို့တို့သည် မြင်းကို၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်။" ဆာလံကျမ်း ၂၀:၇
အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ဟာ
သားသမီးတွေကျူးလွန်တဲ့ အပြစ်ရဲ့အခကို ပြန်ဆပ်ပေးဖို့အတွက်၊ ဒီမြေကြီးကိုကြွလာပြီး
သားသမီးတွေနဲ့အတူ ခက်ထန်တဲ့ရုပ်ပိုင်းဆိုင်ရာဘဝကို နေထိုင်တော်မူရုံနဲ့တင်
လောကမှာ ရိုသေလေးစားမှုနဲ့ ချီးမွမ်းခြင်းကို ခံထိုက်တော်မူပါတယ်။
ယုံကြည်ခြင်းဘဝထဲမှာ 'ယုံကြည်ခြင်း' ဒါမှမဟုတ် 'နာခံခြင်း'တွေဟာ၊
ဝိညာဏမိဘအပေါ် သားသမီးဝတ္တရားကျေပွန်ခြင်းကနေ ဆင်းသက်လာတာဖြစ်ပါတယ်။
နောဧ၊ အာဗြဟံ၊ ဒံယေလနဲ့ သူ့ရဲ့သူငယ်ချင်းသုံးယောက်စတဲ့ ယုံကြည်ခြင်းဘိုးဘေးများစွာဟာ၊
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ယုံကြည်လိုက်နာခြင်းအားဖြင့်
ဝိညာဏသားသမီးဝတ္တရား ကျေပွန်ခဲ့တဲ့သူတွေဖြစ်ကြပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်