ယုံကြည်ခြင်းဘဝမှာ၊ ပုဂ္ဂိုလ်ရေးအခြေအနေနဲ့ ပတ်ဝန်းကျင်တွေဟာ အဆက်မပြတ်ပြောင်းလဲနေပါတယ်။
ဒါကြောင့်၊ ဘုရားသခင်ကိုယုံကြည်တဲ့သူတွေဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ပါစေ၊ မယိမ်းယိုင်ဘဲ
အမြဲတမ်း ယုံကြည်ခြင်းလမ်းကို တစ်သမတ်တည်းလျှောက်လှမ်းဖို့ ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။
(မိမိမသိလိုက်သောအချိန်တွင် ကမ်းခြေနှင့်ဝေးရာသို့ ရောက်သွားခဲ့သော ရေကူးဘောကွင်းစီးသူအကြောင်း)
"ငါတို့သခင်ယေရှုခရစ်၏ စကားတည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီဖြစ်သော သြဝါဒကို၎င်း ဝန်မခံသောသူမည်သည်ကား၊ ... ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသောကြံစည်ခြင်း၊ စိတ်နှလုံးယိုယွင်း၍၊ သမ္မာတရားနှင့်ကင်းသောသူတို့၏ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။" တိမောသေသြဝါဒစာပထမစောင် ၆:၃-၅
ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်ထက် မိမိရဲ့အတွေ့အကြုံကို ဦးစားပေးတဲ့အခါမှာ
ဘုရားသခင်ကို ဆန့်ကျင်မိနိုင်ပါတယ်။
မနာခံမှုရဲ့အဖိုးအခဟာ ဘုရားသခင်ရဲ့အမျက်တော်နဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့
သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပါတယ်။
ဒါကြောင့်၊ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေအတွက်တော့၊
ဘုရားသခင်ကိုယုံကြည်တာ ဘယ်လောက်ကြာပြီလဲဆိုတာက အရေးကြီးတဲ့အရာ မဟုတ်ဘဲ၊
အခုလက်ရှိမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဘယ်လောက်နာခံနေသလဲဆိုတာက အရေးကြီးပါတယ်။
နာခံခြင်းရဲ့စံနှုန်းဟာ သမ္မာကျမ်းစာပဲဖြစ်တဲ့အတွက်၊
အဖေ၊ အမေဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို အမြဲတမ်း အာရုံစိုက်ရမှာဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်