ပရောဖက်ဟေရှာယဟာ ယေရုရှလင်ကောင်းကင်အမေရဲ့ ဘုန်းတော်အလင်းက
တစ်ကမ္ဘာလုံးမှာ ထွန်းလင်းပြီး၊
အမေဘုရားသခင်ဆီ လူသားအားလုံး လာကြလိမ့်မယ်ဆိုတာကို ကြိုတင်ဟောကြားထားပါတယ်။
ဒီခေတ်မှာ၊ အမေဘုရားသခင်ရဲ့ အသက်နှုတ်ကပတ်တော်အားဖြင့်၊ လူသားတွေဟာ ကယ်တင်ခြင်းခံရပြီး၊
မှန်ကန်တဲ့လမ်းနဲ့ မှားယွင်းတဲ့လမ်းကို ခွဲခြားသိမြင်နိုင်ကြမှာပဲဖြစ်ပါတယ်။
ခမည်းတော်ခေတ်မှာ ယုံကြည်ခြင်းဘိုးဘေးတွေဟာ ယေဟောဝါဘုရားသခင်အကြောင်းကို ဝါကြွားခဲ့ကြပြီး၊
သားတော်ခေတ်မှာ ကနဦးအသင်းတော် တမန်တော်တွေဟာ လူ့ဇာတိနဲ့ကြွလာတဲ့
ယေရှုခရစ်အကြောင်းကို ဝါကြွားခဲ့ကြပါတယ်။
ဒီလိုပဲ၊ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ကျွန်ုပ်တို့ဟာ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့၊
ကောင်းကင်အဖေနဲ့ ကောင်းကင်အမေအကြောင်းကို ဝါကြွားကြရမှာဖြစ်ပါတယ်။
အကြောင်းကတော့၊ ကယ်တင်ခြင်းဟာ လူအပေါ်မဟုတ်ဘဲ၊
ဘုရားသခင်ရဲ့တန်ခိုးတော်အပေါ်မှာ မူတည်လို့ပဲဖြစ်ပါတယ်။
"ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။" ဗျာဒိတ်ကျမ်း ၂၂:၁၇
ဒီနေ့ခေတ် အသင်းတော်များစွာထဲမှာမှ၊
အမေဘုရားသခင်အကြောင်းကို သက်သေပြုပြီး၊
သမ္မာကျမ်းစာရဲ့ကြိုတင်ဟောစကားကို ပြည့်စုံစေတဲ့ တစ်ခုတည်းသောအသင်းတော်ဟာ၊
ဘုရားသခင်၏အသင်းတော်ပဲ ဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်