လူနေမှုအဆင့်အတန်းမတိုးတက်ခင် တန်ဖိုးရှိခဲ့တဲ့ကျောက်တုံးတွေဟာ
ခေတ်သစ်လူနေမှုပတ်ဝန်းကျင်အတွက် တန်ဖိုးမရှိပါဘူး။
အဲဒီလိုပါပဲ၊ မြေကြီးအရာနဲ့ကောင်းကင်အရာကြားမှာ ကြီးမားတဲ့
ကွဲပြားခြားနားမှု ရှိပါတယ်။
ကောင်းကင်နိုင်ငံရဲ့တန်ဖိုးကို ဒီလောကမှာရှိတဲ့
တန်ဖိုးစံချိန်စံညွှန်းနဲ့ တိုင်းတာလို့မရနိုင်ပါဘူး။
ဘုရားသခင်ဟာ သူ့ရဲ့သားသမီးတွေကို မြေကြီးပေါ်က ဘာမှမဟုတ်ဘဲ၊
တန်ဖိုးမဲ့တဲ့အရာတွေအတွက် အသက်ရှင်နေထိုင်မယ့်အစား
အဖိုးတန်တဲ့ဘဝမှာနေထိုင်ပြီး ကောင်းကင်ရဲ့ကောင်းချီးမင်္ဂလာတွေကို
လက်ခံကြဖို့အတွက် အလိုရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို
ရှမာရိပြည်ကနေ မြေကြီးစွန်းအထိ သူ့ရဲ့သက်သေဖြစ်ပါလို့
တောင်းဆိုတော်မူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဘုရားသခင်ရဲ့လူမျိုးတွေဟာ
ကောင်းကင်နိုင်ငံရဲ့ဧဝံဂေလိတရားကို ဟောပြောခြင်းအားဖြင့်၊
ကယ်တင်ပေးတော်မူတဲ့ ယေရုရှလင်အမေရဲ့အကြောင်းကို သက်သေပြုတဲ့
သက်သေခံတွေ ဖြစ်သင့်ကြပါတယ်။
ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏
အရောင်အဝါကဲ့သို့၄င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့
သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့၄င်း
အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။
ဒံယေလအနာဂတ္တိကျမ်း ၁၂:၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်