ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နာခံတဲ့ဘဝကို နေထိုင်ပြီး၊ ကောင်းကင်မှာကျူးလွန်ခဲ့တဲ့ အပြစ်တွေကို အမှန်တကယ် နောင်တရပြီး၊ ဗတ္တိဇံအားဖြင့် တစ်ဖန်မွေးဖွားခြင်းကို ခံမယ်ဆိုရင်၊ အသက်စာစောင်မှာ ကျွန်တော်တို့ရဲ့နာမည်တွေက ထွန်းလင်းနေမှာဖြစ်ပါတယ်။
ဒါပေမဲ့၊ ကျွန်တော်တို့ဟာ ဆိုးညစ်တဲ့အကျင့်ကို ကျင့်ပြီး ဘုရားသခင်ကို စွန့်ခွာမယ်ဆိုရင်၊ ကျွန်တော်တို့နာမည်တွေဟာ အသက်စာစောင်ထဲကနေ ချေဖျက်ခံရမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့နာမည်တွေကို အသက်စာစောင်မှာ ရေးမှတ်ခြင်းမခံရဘူးဆိုရင် ဘာမှမတတ်နိုင်ဘဲ ဘယ်လိုနည်းလမ်း၊ ပုံစံနဲ့ဖြစ်ဖြစ် စာတန်နောက်ကိုလိုက်မိမှာဖြစ်တဲ့အတွက် အသက်စာစောင်မှာ ကျွန်ုပ်တို့နာမည်တွေ ထွန်းလင်းနိုင်အောင် သစ္စာရှိတဲ့ခရစ်ယာန်တစ်ယောက်ရဲ့အသက်တာကို နေထိုင်ရမယ်လို့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာ ကျမ်းစာကတစ်ဆင့် အမြဲသွန်သင်ပေးခဲ့ပါတယ်။
. . . အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။ ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကောင်းကင်တမန်တော်တို့ ရှေ့၌လည်းကောင်း သူ၏နာမကို ငါဝန်ခံမည်။
ဗျာဒိတ်ကျမ်း ၃:၄-၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်