လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ က၊ ဩဇာအာဏာရှိခဲ့တဲ့ ယုဒဘာသာခေါင်းဆောင်တွေဟာ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်တဲ့အတွက် ကနဦးအသင်းတော်နဲ့ တမန်တော်တွေကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်။
ဒါပေမဲ့၊ လူတွေရဲ့ထင်မြင်ချက်နဲ့ တန်ဖိုးတွေဟာ လူတွေကို ကယ်တင်ခြင်းဆီ မခေါ်ဆောင်နိုင်ပါဘူး။
ကယ်တင်ခြင်းကို ဘုရားသခင်ကို ယုံကြည်ပြီး အမှန်တရားကို လိုက်လျှောက်တဲ့သူတွေကိုပဲ ခွင့်ပြုပေးပါတယ်။
ဒီခေတ်မှာ အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ဟာ သမ္မာကျမ်းစာရဲ့ ကြိုတင်ဟောစကားအတိုင်း ဒီမြေကြီးကိုကြွလာခဲ့ပြီး ဘုရားသခင်၏အသင်းတော်ကို ပြန်လည်တည်ထောင်ပေးခဲ့ပါတယ်။
သူတို့ဟာ အခု လူသားအားလုံးဆီ အသက်ရေကို အဖိုးမယူပဲ ပေးနေတော်မူပါတယ်။
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ...
အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။
ဗျာဒိတ်ကျမ်း ၂၂:၁၇
ကနဦးအသင်းတော်ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နာခံခဲ့ပြီး၊ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ကျော်လွှားရင်း နောက်ဆုံးမှာ အသက်ရဲ့သရဖူကို ရရှိခဲ့ကြပါတယ်။
ဒီခေတ်မှာလည်း၊ လူ့အတွေးတွေကို မလိုက်လျှောက်ဘဲ အမှန်တရားကို အာရုံစိုက်ပြီး စောင့်ရှောက်တဲ့သူတွေဟာ ကယ်တင်ခြင်းကို ရရှိနိုင်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်