ကျွန်တော်တို့ဟာ ဒီကမ္ဘာရဲ့ ဘယ်နေရာမှာပဲမွေးဖွားပါစေ၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်အားလုံးနဲ့ ကျွန်တော်တို့စောင့်ရှောက်တဲ့ ဓလေ့ထုံးစံတွေဟာ ကျွန်တော်တို့ကြီးပြင်းလာတာနဲ့အမျှ ကျွန်တော်တို့ထဲမှာ အရိုးစွဲလာပါတယ်။
အကြိမ်များစွာ လူတွေဟာ “ငါတို့က ဒါကို ဘာကြောင့်လုပ်တာလဲ”လို့ အမေးခံရတဲ့အခါ “ငါမသိဘူး။ အမြဲတမ်း ငါ ဒီလိုလုပ်နေကျပဲ"လို့ ဖြေလေ့ရှိပါတယ်။
ဒီလိုနဲ့ ငယ်စဉ်ကတည်းကနေ လူတွေ စွဲကိုင်လာခဲ့တဲ့ ဓလေ့ထုံးစံတွေဟာ အရွယ်ရောက်သူအဖြစ် သူတို့ထဲမှာ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မိမိရဲ့ ဝိညာဉ်ရေးရာအထောက်အထားကို ဖော်ပြတဲ့ တစ်စုံတစ်ယောက်ရဲ့ ယုံကြည်ခြင်းလိုမျိုး ထိခိုက်လွယ်ပြီး အရေးကြီးတဲ့အရာဆိုရင်ကော ဘယ်လိုပါလဲ။
ကျွန်တော်တို့ရှေ့ကို ရောက်လာတဲ့သူတွေရဲ့ ဓလေ့ထုံးစံကို အရင်းအမြစ်ကို မစဉ်းစားဘဲ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးဖွဲ့စည်းမှု၊ ကျန်းမာရေးနဲ့ ကံကြမ္မာကို ညွှန်ကြားစေသင့်ပါသလား။
ကျွန်တော်တို့ပတ်လည်ကိုကြည့်တဲ့အခါ၊ ခရစ်ယာန်ဘာသာနဲ့ အယူဝါဒတွေဟာ ကျမ်းစာရဲ့သင်ကြားမှုတွေနဲ့ ဝေးကွာလွန်းတဲ့ သင်ကြားမှုတွေနဲ့ ထုံးစံဓလေ့တွေအလယ်မှာ ကြီးထွားလာခဲ့ပါတယ်။
ကံမကောင်းစွာပဲ၊ ဒီပြောင်းလဲမှုဟာ ပုပ်က သူ့ရဲ့အခွင့်အာဏာကို အသင်းတော်အားလုံးအပေါ် လေ့ကျက်ခဲ့ပြီး ယေရှုခရစ်ရဲ့နာမနဲ့ ရောမနေနတ်ဘုရားရဲ့ ဓလေ့ထုံးစံတွေကို လိုက်နာဖို့ ပုံသွင်းခဲ့တဲ့
၂ ရာစုအလယ်ကနေ ၄ ရာစုအလယ်လောက်မှာ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။
သမိုင်းကိုကြည့်တဲ့အခါ တနင်္ဂနွေဝတ်ပြုခြင်းဟာ အမှန်တကယ်တော့ အေဒီ ၃၂၁ တုန်းက ရောမမှာ နေကို ရိုသေလေးမြတ်ဖို့ ကြေညာခဲ့တဲ့ ပညတ်တစ်ခုဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ပါရှန်နေနတ် မစ်သရာရဲ့မွေးဖွားခြင်းကနေ အစပြုလာတဲ့ ဒီဇင်ဘာလ ၂၅ ရက်ကို ယေရှုခရစ် ကောင်းကင်တက်သွားခဲ့ပြီးနောက် နှစ်ပေါင်း ၃၀၀ ကျော်၊ အေဒီ ၃၅၄ ကစပြီး ခရစ်ယာန်ဘာသာက ခံယူခဲ့ပါတယ်။
ဒါဆိုရင်၊ တစ်ကမ္ဘာလုံးက ဓလေ့ထုံးစံတွေနဲ့ လူ့ပညတ်တွေအားဖြင့် ဘုရားသခင်ကို အချည်းနှီးကိုးကွယ်နေကြတဲ့အခါ ဘုရားသခင်ဟာ ဘယ်သူ့ကို ကယ်တင်ပေးမှာပါလဲ။
ဒါကြောင့် ဒုတိယအကြိမ်ကြွလာတဲ့ခရစ်တော်ဟာ ကျမ်းစာရဲ့ ကြိုတင်ဟောစကားအားလုံးအတိုင်း ကြွလာခဲ့ပြီးပြီဆိုတာကို နားလည်ဖို့ အရမ်းအရေးကြီးပါတယ်။
ပြီးတော့ သူဟာ ဘုရားသခင်ရဲ့ သင်ကြားမှုတွေကို ကျွန်တော်တို့ခေတ်မှာ ပြန်လည်တည်ထောင်ပေးခဲ့ပါတယ်။
မိက္ခာအနာဂတ္တိကျမ်း အခန်းကြီး ၄ မှာ၊ "နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
... လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊"လို့ ပြောထားပါတယ်။
ဒါဟာ နောက်ဆုံးသောကာလမှာ လူခပ်သိမ်းတို့က ဘုရားသခင်ရဲ့ သွန်သင်ခြင်းခံဖို့ ဇိအုန်ကိုလာကြပြီး သူ့ရဲ့လမ်းတော်အတိုင်း လျှောက်ကြလိမ့်မယ်ဆိုတာကို ဖော်ပြနေပါတယ်။
ဒါဆိုရင်၊ ကမ္ဘာပေါ်မှာရှိတဲ့ အသင်းတော်အားလုံးထဲမှာ ဘယ်အသင်းတော်ကပဲ ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော်ရဲ့ သွန်သင်မှုကို ခံရပြီး ဥပုသ်နေ့၊ ပသခါပွဲနဲ့ ခေါင်းဆောင်းခြင်းပညတ်စတဲ့ ဘုရားသခင်ရဲ့ပညတ်အားလုံးကို စောင့်ရှောက်နေပါသလဲ။
အဲဒါဟာ ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်းတစ်ခုတည်း ဖြစ်ပါတယ်။
လူ့ထုံးတမ်းစဉ်လာတွေကို စွန့်ပစ်ပြီး ဘုရားသခင်ရဲ့ပညတ်တွေကို စွဲကိုင်တဲ့ စစ်မှန်တဲ့ယုံကြည်ခြင်းရှိပြီး ကျွန်တော်တို့ဝိညာဉ်ရဲ့ကယ်တင်ခြင်းကို လက်ခံရယူကြပါစို့။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်