ကျွန်ုပ်တို့ရဲ့ဘဝကို ပြန်တွေးကြည့်တဲ့အခါ၊ ကျွန်ုပ်တို့ဟာ ဒီနေ့ဒီနေရာကိုရောက်ဖို့အတွက် နည်းပြဆီကနေ အကူအညီကို အကြိမ်ပေါင်းများစွာ ရရှိခဲ့တယ်ဆိုတာကို နားလည်မိပါတယ်။
သင်ဟာ တခြားသူရဲ့အကူအညီကို မယူဘဲ၊ အရာအားလုံးကို ပြီးပြည့်စုံအောင် ကိုယ်ဘာသာကိုယ် လုပ်ဆောင်နိုင်ပါသလား။
တစ်နည်းနဲ့ပြောရရင်၊ အောင်မြင်မှုရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဟာ ကျွန်ုပ်တို့ရဲ့ နည်းပြက ဘယ်သူလဲဆိုတဲ့အချက်အပေါ် မူတည်ပါတယ်။
ဒီနေ့ခေတ်၊ ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်းဟာ ဆက်လက်ကြီးထွားနေပြီး ကမ္ဘာကို အံ့သြစေနေပါတယ်။
ဘုရားသခင်၏အသင်းတော်ဟာ စေတနာ့ဝန်ထမ်းလုပ်ဆောင်မှုအတွက် အင်္ဂလန်ဘုရင်မဆု၊ ကိုရီးယားနိုင်ငံရဲ့ မတူညီတဲ့ သမ္မတလက်မှတ် သုံးခုနဲ့ အမေရိကန်သမ္မတ စေတနာ့ဝန်ထမ်းဆုလိုမျိုး မတူညီတဲ့ သမ္မတဆုများစွာကို လက်ခံရရှိခဲ့ပါတယ်။
ဒီလိုကြီးမားတဲ့အောင်မြင်မှုကို ရရှိခဲ့တဲ့ ဘုရားသခင်၏အသင်းတော်ရဲ့ နည်းပြက ဘယ်သူပါလဲ။
“သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား ဆုံးမသွန်သင်တော်မူသောသူ ဖြစ်၍၊ များစွာသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။” (ဟေရှာ ၅၄:၁၃)
ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ နည်းပြဖြစ်လာလိမ့်မယ်လို့ ပရောဖက်ဟေရှာယက ကြိုတင်ဟောပြောထားပါတယ်။
ဒါဆိုရင်၊ ဟေရှာယအနာဂတ္တိကျမ်းမှာ “သင်၏သားသမီးများ”ဆိုတဲ့ထဲမှာ “သင်”က ဘယ်သူ့ကို ရည်ညွှန်းပါသလဲ။
အရှေ့က အခန်းငယ်တွေကိုဖတ်တဲ့အခါ၊ ဒီနေရာက ‘သင်၏သားသမီးများ’ဆိုတာဟာ ယေရုရှလင်မြို့ရဲ့သားသမီးတွေကို ရည်ညွှန်းတယ်ဆိုတာကို နားလည်နိုင်ပါတယ်။
ဒါဆိုရင်၊ ယေရုရှလင်ဟာ ဘယ်သူ့ကို ရည်ညွှန်းပါသလဲ။
“အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။” (ဂလ ၄:၂၆)
ယေရုရှလင်ရဲ့အစစ်အမှန်ဟာ ကျွန်ုပ်တို့ရဲ့ကောင်းကင်အမေဖြစ်ပါတယ်။
ဒါကြောင့်၊ ကောင်းကင်ကိုဝင်ရောက်တဲ့ ကြီးမားတဲ့အောင်မြင်မှုကို ရရှိမယ့်သူတွေဟာ ကောင်းကင်အမေရဲ့သွန်သင်မှုကို ရရှိတဲ့ သားသမီးတွေဖြစ်ပါတယ်။
ဘုရားသခင်၏အသင်းတော်ဟာ ဒီနေ့ခေတ်မှာ အမေဘုရားသခင်ကို ယုံကြည်တဲ့ တစ်ခုတည်းသောအသင်းတော် ဖြစ်ပါတယ်။
ဒီနေ့ ကျွန်တော်တို့နဲ့အတူရှိတော်မူတဲ့ ကောင်းကင်အမေဟာ ဘုရားသခင်၏အသင်းတော်ရဲ့ နည်းပြဖြစ်တော်မူပါတယ်။
ဒါဟာ ဘုရားသခင်၏အသင်းတော်က လုပ်ဆောင်သမျှတိုင်းမှာ အောင်မြင်ရတဲ့အကြောင်းရင်း ဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်