ပြင်းထန်တဲ့ ရာသီဥတုကြောင့် ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ကြီးမားတဲ့မီးလောင်မှုတွေနဲ့ နွေရာသီရဲ့ မြင့်မားတဲ့အပူချိန်က လူသားတွေကို အဲဒီအရာတွေနဲ့ နှိုင်းယှဉ်လို့တောင်မရတဲ့ ပူပြင်းတဲ့ငရဲမီးရဲ့ဒုက္ခကို စဉ်းစားမိစေခဲ့ပါတယ်။
ယေရှုခရစ်က အနာဂတ်ရဲ့အဖြစ်မှန်ထဲမှာ ထွက်ပေါ်လာမယ့် ကောင်းကင်နဲ့ ငရဲရဲ့ပုံစံကို ကျမ်းစာထဲမှာ သူဌေးနဲ့ လာဇရုရဲ့ဥပမာ အပါအဝင် နှုတ်ကပတ်တော်အမျိုးမျိုးအားဖြင့် သင်ပေးနေပြီး ငရဲသွားစေမယ့် အကျင့်နဲ့ အတွေးတွေအားလုံးကို စွန့်ပစ်ရမယ်ဆိုတာကို အလေးထား ဖော်ပြပေးခဲ့ပါတယ်။
‘ဥပုသ်နေ့၊ ပသခါပွဲ’ စတဲ့ ပဋိညာဉ်တရားသစ် အမှန်တရားအားဖြင့် ငရဲကနေ ကယ်တင်ပြီး ကောင်းကင်ကို ခေါ်ဆောင်ပေးတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ကျေးဇူးတော်ကို သိမြင်တဲ့ ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ ဘယ်လိုအခက်အခဲထဲမှာပဲဖြစ်ဖြစ် နေ့စဉ်ဘဝကို ကျေးဇူးတင်ရင်း ရှင်သန်နေကြပါတယ်။
“သင်၏လက်သည် သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့ လက်နှစ်ဖက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။...
ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည်။”
[ရှင်မာကုခရစ်ဝင် ၉:၄၃-၄၉]
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်