ပြည်ပကိုသွားတဲ့အခါမှာလည်း အဲဒီနိုင်ငံရဲ့ဘာသာစကားကို လေ့ကျင့်ပြီးမှ သွားရသလိုမျိုး၊
ထာဝရကောင်းကင်ကို မျှော်လင့်တယ်ဆိုရင်၊ ဘုရားသခင်ရဲ့သင်ကြားမှုကို
သံလိုက်အိမ်မြှောင်လို အသုံးပြုပြီး၊ ဘုရားသခင်ကိုဘုန်းတော်ပေးတဲ့
ကောင်းကင်ဘာသာစကားကို လေ့လာရပါမယ်။
ကောင်းကင်ဘာသာစကားမှာ ပြစ်တင်မြည်တမ်းတဲ့စကားနဲ့
ဘုရားသခင်ကိုစုံစမ်းတဲ့စကားမရှိဘဲ ဝမ်းမြောက်ခြင်းပဲပြည့်လျှံပါတယ်။
ထီးသည်နဲ့ ကောက်ရိုးဖိနပ်သည် သား (၂)ယောက်ရဲ့မိခင်ပုံပြင်လိုမျိုး၊
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ပြစ်တင်မြည်တမ်းတာထက်
အရင်ဆုံးကျေးဇူးတင်ခြင်းပေးနိုင်တဲ့ သန့်ရှင်းသူတွေ ဖြစ်ကြရပါမယ်။
“ထိုမှတစ်ပါး၊ ညီအစ်ကိုတို့၊ … မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊
ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်း အသင့်အတင့်နေကြလော့။ …
သူတစ်ပါး၌ အဘယ်သူမျှရန်တုံ့မမူစေခြင်းငှာ သတိပြု၍၊
အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌လည်းကောင်း၊
ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။”
သက်သာလေနိတ်သြဝါဒစာပထမစောင် ၅:၁၂-၁၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်