‘အဦးသီးသောအသီးပွဲ’ဟာ အဦးရိတ်တဲ့ကောက်လှိုင်းတစ်စည်းကို ဥပုသ်နေ့ရဲ့နောက်နေ့မှာ 
ချီလွှဲပြီးပူဇော်ခဲ့တဲ့ ဓမ္မဟောင်းပွဲတော်ဖြစ်ပါတယ်။
ဒီပွဲတော်ဟာ ဓမ္မသစ်ခေတ်ရောက်တဲ့အခါ၊ အိပ်ပျော်တဲ့သူတွေရဲ့ အဦးသီးသောအသီးအဖြစ် 
ရှင်ပြန်ထမြောက်တော်မူတဲ့  ယေရှုခရစ်ကို အထိမ်းအမှတ်ပြုတဲ့ ထမြောက်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ယေရှုခရစ် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူပြီးမှ၊ ထိတ်လန့်ပြီး ဝမ်းနည်းပူဆွေးခဲ့ကြတဲ့  
ကနဦး ဘုရားသခင်၏အသင်းတော်က ယေရှုခရစ်ရဲ့တပည့်တွေဟာ၊  
ယေရှုခရစ်ရဲ့ ထမြောက်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ခွန်အားကို တစ်ခါပြန်ရရှိပြီး၊ 
လူများစွာထဲမှာ ထမြောက်ခြင်းရဲ့ အသက်ရှင်တဲ့မျှော်လင့်ချက်ကို စိုက်ပျိုးပေးခဲ့ကြပါတယ်။
ယုံကြည်သူတွေဟာ ဒီခက်ခဲတဲ့ကမ္ဘာမှာတောင် ပြုံးနိုင်တဲ့အကြောင်းရင်းကတော့၊  
ယေရှုခရစ်ရဲ့ထမြောက်ခြင်းဟာ သေခြင်းနဲ့ ချည်နှောင်ခံရတဲ့လူသားတွေဆီ 
ကယ်တင်ခြင်းမျှော်လင့်ချက်ကို ပေးခဲ့တဲ့အတွက်ဖြစ်ပြီးတော့၊ 
သူတို့ဟာ ကောင်းကင်တမန်ပုံစံအဖြစ် အနှေးနဲ့အမြန် ပြောင်းလဲပြီးတော့၊ ကောင်းကင်ကို 
ဝင်ရလိမ့်မယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်ကြလို့ပဲဖြစ်ပါတယ်။
“နက်နဲသောအရာတခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။” ကောရိန္သုသြဝါဒစာပထမစောင် ၁၅:၅၁-၅၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ  ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉ 
ဖုန်း ၀၃၁-၇၃၈-၅၉၉၉  ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်