ဓမ္မဟောင်းခေတ်ရဲ့ အဦးသီးသောအသီးပွဲဟာ ဓမ္မသစ်ခေတ်မှာ ထမြောက်ပွဲဖြစ်ပြီး၊ တနင်္ဂနွေနေ့မှာ ဒီကြိုတင်ဟောစကားကို အောင်မြင်ရမှာ ဖြစ်ပါတယ်။
ဘုရားသခင်ဟာ ဣသရေလလူမျိုးတွေ ထွက်လာပြီးတဲ့နောက် ပင်လယ်နီတစ်ဖက်ကမ်းကို တက်ရောက်လာတဲ့ ပထမနေ့ကို အဦးသီးသောအသီးပွဲအဖြစ် သတ်မှတ်ပြီး၊ နှစ်စဉ် ဥပုသ်နေ့ နောက်နေ့ (တနင်္ဂနွေနေ့)မှာ စောင့်စေခဲ့ပါတယ်။ ယေရှုခရစ်ဟာ အဦးသီးသောအသီးပွဲရဲ့ ကြိုတင်ဟောစကားကို အောင်မြင်ဖို့အတွက် ခုနစ်ရက်တွင် ပထမနေ့ရက်(တနင်္ဂနွေနေ့)မှာ ထမြောက်တော်မူခဲ့ပါတယ်။
အဦးသီးတဲ့ကောက်လှိုင်းတစ်စည်းကို ဘုရားသခင်ကို ဆက်ကပ်ခဲ့တဲ့ အဦးသီးသောအသီးပွဲရဲ့ ကြိုတင်ဟောစကားအတိုင်း၊ ယေရှုခရစ်ဟာ အိပ်ပျော်တဲ့သူတွေထဲက အဦးထမြောက်ခြင်းအားဖြင့် လူသားတွေကို ထမြောက်ခြင်းရဲ့ မျှော်လင့်ခြင်းကို ပေးခဲ့ပါတယ်။ ဘုရားသခင်၏အသင်းတော်ဟာ ဒီလိုသိမြင်မှုအားဖြင့် နှစ်တိုင်း ထမြောက်ပွဲကို သန့်ရှင်းစွာ စောင့်ကြပါတယ်။
တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်ကား၊ .. အဦးရိတ်သော ကောက်လှိုင်းတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။ သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှာ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
ဝတ်ပြုရာကျမ်း ၂၃:၉-၁၁
ခုနစ်ရက်တွင် ပထမနေ့ရက် အရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့်တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။ ... သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။ ...အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။
ရှင်လုကာခရစ်ဝင် ၂၄:၁-၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်