ဓမ္မဟောင်းကျမ်း မောရှေခေတ်က အဦးသီးသောအသီးပွဲဟာ အရိပ်ဖြစ်ပြီး၊
ဓမ္မသစ်ကျမ်းမှာ ထမြောက်ပွဲဟာ အစစ်အမှန်ဖြစ်ပါတယ်။
ယေရှုခရစ်ဟာ ဥပုသ်နေ့နောက်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မနက်စောစောမှာ
ရှင်ပြန်ထမြောက်ခဲ့တဲ့ အကြောင်းရင်းကတော့၊
အိပ်ပျော်တဲ့သူတွေရဲ့ အဦးဆုံးအသီးအဖြစ်
အဦးသီးသောအသီးပွဲရဲ့ ကြိုတင်ဟောကြားချက်ကို ပြည့်စုံစေဖို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ ဥပုသ်နေ့(စနေနေ့)ကို
အပတ်စဉ်ပွဲအဖြစ် စောင့်ပြီး၊
ထမြောက်ပွဲကို နှစ်စဉ်ပွဲအဖြစ် သီးခြားစီစောင့်တာက
ဘုရားသခင်ရဲ့အလိုတော်ဖြစ်ပါတယ်။
စာတန်ဟာ လူသားတွေကို သေခြင်းရဲ့ ကြိုးနဲ့ ချည်နှောင်ထားခဲ့ပြီး၊
သူတို့ကို သေခြင်းဝေဒနာ ခံစားစေခဲ့ပါတယ်။
ဒါပေမဲ့ ယေရှုခရစ်တော်ဟာ ဒီကမ္ဘာမြေကြီးကို ကြွလာပြီး၊
သေခြင်းအာဏာကို ချိုးဖဲ့ပြီးမှ ထာဝရအသက်ရှင်နိုင်တဲ့ အမှန်တရားလမ်းကို
ထမြောက်ပွဲနေ့ကနေတစ်ဆင့် ခွင့်ပြုတော်မူခဲ့ပါတယ်။
ဒီနေ့ခေတ် ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ၊
ကြက်ဥတွေကို မျှဝေတဲ့ အယူမှားတဲ့ဓလေ့ထုံးစံအတိုင်း မလိုက်နာဘဲ
ယေရှုခရစ်ရဲ့ပုံသက်သေအတိုင်း ကျွန်ုပ်တို့ရဲ့ဝိညာဏမျက်စိကို
ဖွင့်ပေးတဲ့မုန့်ကို ဖဲ့ခြင်းအားဖြင့် စစ်မှန်တဲ့ထမြောက်ပွဲကို စောင့်ရှောက်နေကြပါတယ်။
“ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍၊
အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီးဖြစ်တော်မူပြီ။ ...
လူအပေါင်းတို့သည် ခရစ်တော်အားဖြင့်
အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။”
ကောရိန္သုသြဝါဒစာ ပထမစောင် ၁၅:၂ဝ-၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်