အသက်စာစောင်မှာ မှတ်တမ်းတင်ထားတဲ့ လူတစ်ဦးရဲ့ အကျင့်တွေဟာ နှစ်ထောင်ပေါင်းများစွာကြာပေမယ့်လည်း ပျောက်ကွယ်မသွားပါဘူး။ ဒါတွေအားဖြင့် ဆုခံထိုက်တဲ့အကျင့်နဲ့ ပြစ်ဒဏ်ခံထိုက်တဲ့အကျင့်ကို ဘုရားသခင်က ဆုံးဖြတ်ခြင်းအားဖြင့် ကောင်းကင်ကိုသွားတဲ့ ဖြောင့်မတ်သူရဲ့ ထမြောက်ခြင်းနဲ့ ငရဲသွားတဲ့ မတရားသောသူရဲ့ ထမြောက်ခြင်းမှာ ပါဝင်ကြမှာ ဖြစ်ပါတယ်။
ယေရှုခရစ်ရဲ့ထမြောက်ခြင်းကို တွေ့ကြုံခဲ့တဲ့ ကနဦးအသင်းတော် သန့်ရှင်းသူတွေနဲ့ တပည့်တော်တွေရဲ့ ခိုင်မာတဲ့ ယုံကြည်ခြင်းလိုမျိုး၊ ဒီနေ့ခေတ်မှာလည်း ခရစ်တော်အန်ဆန်ဟုန်းနဲ့ ကောင်းကင်အမေဟာ ကျွန်တော်တို့ကို ထမြောက်ခြင်းနဲ့ ပြောင်းလဲခြင်းမှာ ယုံကြည်ခြင်းရှိဖို့ သွန်သင်ပေးပါတယ်။
အဖေနဲ့ အမေဟာ လူသားအားလုံးက ဘုရားသခင်ကို ကြောက်ရွံ့ပြီး စုံလင်တဲ့ နောင်တရခြင်းကို အောင်မြင်တဲ့အခါမှာ၊
ယေရှုခရစ်လိုမျိုး ဝိညာဏကိုယ်ခန္ဓာအဖြစ် ပြောင်းလဲခံရပြီးတော့ ကောင်းကင်တမန်ကမ္ဘာကို ပြန်သွားနိုင်တယ်ဆိုတာကို သင်ပေးခဲ့ပါတယ်။
“ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့မျှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မျှော်လင့်ပါ၏။ ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။”
တမန်တော်ဝတ္ထု ၂၄:၁၅-၁၆
“ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ ထိုသခင်သည် ... ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ်စေခြင်းငှာ အသစ် ပြင်ဆင်တော်မူလတ္တံ့။”
ဖိလိပ္ပိသြဝါဒစာ ၃:၂၀-၂၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်