မေတ္တာဟာ ဘုရားသခင် အလေးပေးတဲ့ အရေးကြီးဆုံး သွန်သင်ချက်ဖြစ်ပါတယ်။
ရှေးခေတ် အိမ်ရှေ့မင်းတွေဟာ သာမန်လူတွေနဲ့ ကွဲပြားတဲ့စာအုပ်တွေအားဖြင့်
အထူးပညာရေးကို ရရှိခဲ့သလိုမျိုး၊ ဘုရားသခင်ရဲ့အမွေဆက်ခံသူတွေဖြစ်တဲ့
ကောင်းကင်သားသမီးတွေဟာ အထူးစာအုပ်ဖြစ်တဲ့ သမ္မာကျမ်းစာကနေတစ်ဆင့်
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို သင်ယူရမှာဖြစ်ပါတယ်။
“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊
… ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊
တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။”
တိမောသေသြဝါဒစာဒုတိယစောင် ၃:၁၆-၁၇
သမ္မာကျမ်းစာမှာ အရေးအကြီးဆုံးအရာကတော့၊ ဘုရားသခင်ရဲ့မေတ္တာဖြစ်တဲ့ အမေရဲ့မေတ္တာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ဟာ သမ္မာကျမ်းစာထဲကနေ တစ်စုံတစ်ခုကို
အသစ်သွင်းတာ ဒါမှမဟုတ် နုတ်ပယ်တာမျိုး လုပ်မယ်ဆိုရင်၊
ကောင်းကင်နိုင်ငံတော်ကို အမွေခံဖို့ အရည်အချင်းပြည့်မီမှာမဟုတ်ပါဘူး။
ချစ်ခြင်းမေတ္တာမျက်စိနဲ့ ဘုရားသခင်ပေးတဲ့ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ကြည့်ရှုတဲ့အခါ၊
ကျွန်ုပ်တို့ဟာ အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ရဲ့
သန့်ရှင်းတဲ့အလိုတော်နဲ့ ချစ်ခြင်းမေတ္တာကို သိရှိနိုင်မှာဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်