ဒံယေလဟာ ခြင်္သေ့တွင်းထဲကို ချခြင်းခံရမယ်ဆိုတာကို သိတာတောင်
ဘုရားသခင်ဆီ ဆုတောင်းခဲ့တဲ့အတွက်ကြောင့်
သေရတော့မယ့်အခြေအနေမှာရှိနေခဲ့ပေမယ့်၊ စစ်မှန်တဲ့ယုံကြည်ခြင်းအားဖြင့်
ဘုရားသခင်ဆီကနေ ပိုများပြားတဲ့ ကောင်းချီးကို ရရှိခဲ့ပါတယ်။
ဒီလိုနဲ့၊ ကျမ်းစာထဲမှာ ဝတ်ပြုကိုးကွယ်ခြင်းဟာ
ဘုရားသခင့်လူမျိုးတွေရဲ့ သန့်ရှင်းတဲ့တာဝန်ဖြစ်ပြီး၊
ဘုရားသခင်အပေါ် ရိုသေမှုကိုဖော်ပြတဲ့နည်းလမ်းဖြစ်တဲ့အတွက်၊
ဘယ်သောအခါမှ ဖျက်သိမ်းပစ်လို့ မရဘူးလို့ ရေးသားထားပါတယ်။
သမ္မာကျမ်းစာရဲ့သင်ကြားမှုအတိုင်း လိုက်လျှောက်တဲ့
ယုံကြည်ခြင်းရှိတဲ့သူတွေဟာ ဘုရားသခင်ချမှတ်ပေးတဲ့
သန့်ရှင်းတဲ့နေ့မှာ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ရမှာ
ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဘုရားသခင်၏အသင်းတော်
မိသားစုဝင်တွေဟာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်
သင်ပေးတဲ့ ပဋိညာဉ်တရားသစ် ဥပုသ်နေ့နဲ့
သုံးပိုင်းခွဲထားတဲ့ ပွဲတော်ခုနစ်ခုအတိုင်း
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြပါတယ်။
“ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို
နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊
ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍
ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊
ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။
ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။
ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊
နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း
ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။”
ရှင်ယောဟန်ခရစ်ဝင် ၄:၂၃-၂၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်