တာလ်မုဒ်ထဲမှာ ဖခင်ရဲ့သေတမ်းစာမှာပါရှိတဲ့ လျှို့ဝှက်ချက်ကို သိရှိပြီး ဖခင်ရဲ့ပိုင်ဆိုင်မှုကို အမွေဆက်ခံရခဲ့တဲ့ သားတစ်ဦးရဲ့ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ဒီလိုပါပဲ၊ ဘုန်းကြီးတဲ့ကောင်းကင်ကို အမွေဆက်ခံဖို့အတွက် လူသားတွေဟာ သမ္မာကျမ်းစာ (၆၆)ကျမ်းစလုံးထဲမှာပါရှိတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နားလည်ကြရမှာ ဖြစ်ပါတယ်။
အပြစ်ဖြေရာနေ့မှာ တစ်နှစ်မှာတစ်ရက် ယဇ်ပုရောဟိတ်မင်းကပဲ ဝင်နိုင်ခဲ့တဲ့ အလွန်သန့်ရှင်းရာဌာနလမ်းက ယေရှုခရစ်ရဲ့သေခြင်းအားဖြင့် သန့်ရှင်းရာဌာနရဲ့ကုလားကာက စုတ်ပြဲသွားပြီး ပွင့်သွားခဲ့ပါတယ်။
အခုကစပြီး လူသားတွေဟာ ကောင်းကင်မှာ ကျူးလွန်ခဲ့တဲ့ သေထိုက်တဲ့အပြစ်တွေကို စာရေးတံမဲကျတဲ့ဆိတ်အဖြစ် ကိုယ်စားပြုထားတဲ့ စာတန်ဆီ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ ထာဝရအပြစ်ဖြေခြင်းကို ရရှိဖို့အတွက် အလွန်သန့်ရှင်းရာဌာနရဲ့အစစ်အမှန်ဖြစ်တဲ့ အမေဘုရားသခင်ဆီ သွားကြရမှာဖြစ်ပါတယ်။
“ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။”
ရှင်မဿဲခရစ်ဝင် ၂၇:၅၀-၅၁
“မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ဗိမာန်ဖြစ်တော်မူ၏။”
ဗျာဒိတ်ကျမ်း ၂၁:၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်