ပညာနဲ့ဉာဏ်အားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဘုရားသခင်က
လူသားအဖြစ်ကြွလာခဲ့တဲ့အကြောင်းရင်းကတော့၊
ပေတရုလိုမျိုး သူ့ကို အသိအမှတ်ပြုပြီး လက်ခံတဲ့သူတွေဆီ
ကောင်းကင်နိုင်ငံရဲ့သော့တွေကို ပေးဖို့အတွက်ပဲဖြစ်ပါတယ်။
ဘုရားသခင်ဟာ သူ့ရဲ့ညာဘက်မှာရှိတဲ့ဓားပြကို လုပ်ပေးခဲ့သလိုမျိုး၊
လူတွေရဲ့ကံကြမ္မာကို ငရဲကနေ ကောင်းကင်ဆီ ပြောင်းလဲပြီး ကယ်တင်ခြင်းပေးဖို့နဲ့၊
ဘဝမှာကြုံတွေ့ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့
ဉာဏ်ပညာကိုပေးဖို့ ကြွလာခဲ့ပါတယ်။
ဒီမြေကြီးကို လူ့ဇာတိနဲ့ကြွလာတဲ့ ဘုရားသခင်ကို အသိအမှတ်ပြုခြင်းဟာ
ဘုရားသခင်ရဲ့လျှို့ဝှက်ချက်ကို သိခြင်းဖြစ်ပါတယ်။
သားတော်ခေတ်မှာ ယေရှုခရစ်က ဒီမြေကြီးပေါ်မှာ တည်ထောင်ခဲ့တဲ့အသင်းတော်၊
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကိုယ်တိုင် ဒီမြေကြီးပေါ်မှာတည်ထောင်ပြီး
အသက်ရေကိုပေးနေတဲ့ အသင်းတော်ဟာ ဘုရားသခင်၏အသင်းတော်ပဲ ဖြစ်ပါတယ်။
“မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကို
နားလည်နိုင်သော ဝိစိကိစ္ဆာနှင့်ကင်းစင်သောဉာဏ်၏ စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊
စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို
ငါခံရသည်ဟု သင်တို့သိစေခြင်းငှာ ငါအလိုရှိ၏။
ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။”
ကောလောသဲသြဝါဒစာ ၂:၂-၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်