ဒါဟာ အလက်ဇန်းဒါးဘုရင်က ဂရိနိုင်ငံကို တည်ထောင်ပြီးနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်။
မိမိပုံတူပန်းချီကိုလိုချင်ခဲ့တဲ့ အလက်ဇန်းဒါးဘုရင်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျော်ကြားတဲ့ပန်းချီဆရာတွေကို ခေါ်ခဲ့ပါတယ်။
ဒါပေမဲ့၊ ဘုရင်ရဲ့ပုံတူပန်းချီကိုဆွဲဖို့ လာကြတဲ့ ပန်းချီဆရာတွေအားလုံးဟာ အံ့သြခဲ့ကြပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ဘုရင်ရဲ့မျက်နှာညာဘက်အခြမ်းမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အမာရွတ်ရှိနေလို့ပဲဖြစ်ပါတယ်။
အဲဒီအချိန်မှာ၊ အလက်ဇန်းဒါးဘုရင်ကို လေးစားတဲ့ ပန်းချီဆရာတစ်ယောက် ရောက်လာခဲ့ပါတယ်။
သူဟာ ဘုရင်ကို စားပွဲမှာ ထိုင်ခိုင်းပြီး၊ ဘုရင်ရဲ့လက်နဲ့ အမာရွတ်တွေကို သဘာဝကျကျ ဝှက်ထားခိုင်းခဲ့ပြီးနောက် ပုံတူပန်းချီကို ဆွဲခဲ့ပါတယ်။
မိမိပုံတူပန်းချီကို တွေ့ခဲ့တဲ့ အလက်ဇန်းဒါးဘုရင်ဟာ အရမ်းကျေနပ်နှစ်သက်ပြီးတော့ ပန်းချီဆရာဆီ ကြီးမားတဲ့ဆုကို ချီးမြှင့်ခဲ့ပါတယ်။
အလက်ဇန်းဒါးဘုရင်ရဲ့မျက်နှာက အမာရွတ်လိုမျိုး၊ လူတိုင်းမှာ ထုတ်မပြချင်တဲ့ အားနည်းချက်တွေရှိပါတယ်။
ကျွန်တော်တို့ဟာ လူတွေရဲ့အားနည်းချက်ကို ထုတ်ပြပြီး ထောက်ပြမယ့်အစား၊ သူတို့ရဲ့အားသာချက်ကို ထုတ်ဖော်ပြီး
ချီးကျူးပေးမယ်ဆိုရင် ဘယ်လိုလဲ။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်