ဒီလောကမှာရှိတဲ့အရာခပ်သိမ်းဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ဖန်ဆင်းခံခဲ့ကြရပါတယ်။
အရာခပ်သိမ်းဟာ အမေအားဖြင့်ပဲ အသက်ကိုရအောင် ဖန်ဆင်းခဲ့တဲ့အကြောင်းရင်းကတော့၊
လူသားတွေကို ထာဝရအသက်ပေးတဲ့ ကောင်းကင်အမေရဲ့တည်ရှိခြင်းကို သင်ပေးချင်တဲ့
ဘုရားသခင်ရဲ့ ကြီးမားတဲ့အလိုတော်ပဲဖြစ်ပါတယ်။
ဘုရားသခင်ရဲ့ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံရတဲ့ လူယောက်ျားဟာ၊
ယောက်ျားပုံသဏ္ဌာန်ရှိတဲ့ အဖေဘုရားသခင်ရဲ့ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံရတာဖြစ်ပြီး၊
လူမိန်းမဟာ မိန်းမပုံသဏ္ဌာန်ရှိတဲ့ အမေဘုရားသခင်ရဲ့ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံရတာဖြစ်ပါတယ်။
လူတွေဟာ နှစ်ထောင်ပေါင်းများစွာကတည်းက၊
ယောက်ျားပုံသဏ္ဌာန်ရှိတဲ့ဘုရားသခင်ကို 'အဖေ'လို့ ခေါ်ခဲ့ကြသလို၊
သမ္မာကျမ်းစာက သက်သေပြုတဲ့ အမေဘုရားသခင်ကိုလည်း သိမြင်ပြီး လက်ခံကြရမှာဖြစ်ပါတယ်။
ဒါဟာ ကောင်းကင်နိုင်ငံကိုသွားနိုင်တဲ့ ဉာဏ်ပညာပဲဖြစ်ပါတယ်။
"အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသောငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။ ... ငါတို့သည် ကျွန်မ၏သားမဟုတ်၊ ကျွန်မ မဟုတ်သော မိန်းမ၏သား ဖြစ်ကြ၏။" ဂလာတိသြဝါဒစာ ၄:၂၆-၃၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်