လောကီအရာနဲ့ ကောင်းကင်အရာတွေဟာ ပုံရိပ်နဲ့ အဖြစ်မှန်လိုမျိုး ဆက်နွှယ်နေတယ်ဆိုတာကို သမ္မာကျမ်းစာက သက်သေပြုထားပါတယ်။
ဒါဟာ၊ လောကီမိသားစုစနစ်ကတစ်ဆင့် ကောင်းကင်မိသားစုစနစ်ကို သိနိုင်တယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။
သမ္မာကျမ်းစာဟာ ကျွန်ုပ်တို့ကို၊
ရုပ်ပိုင်းဆိုင်ရာအဖေရှိသလို၊ ဝိညာဏဆိုင်ရာအဖေလည်း ရှိတယ်လို့ သင်ပေးခဲ့ပါတယ်။
ဒီအပြင်၊ ဘုရားသခင်ရဲ့သားသမီးတွေဆီ အသက်ကိုပေးတော်မူတဲ့
အမေဘုရားသခင်လည်း တည်ရှိတယ်ဆိုတာကို သင်ပေးခဲ့ပါတယ်။
"အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသောငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။" ဂလာတိသြဝါဒစာ ၄:၂၆
အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ဟာ
ပဋိညာဉ်တရားသစ် ပသခါပွဲထဲမှာ၊ ကိုယ်တော်ရဲ့အသားနဲ့အသွေးကို ထည့်သွင်းထားခဲ့ပြီး၊
အဲဒါကိုစောင့်ရှောက်တဲ့သူတွေဆီ သားသမီးဖြစ်လာတဲ့ကောင်းချီးကို ခွင့်ပြုတော်မူခဲ့ပါတယ်။
ဘုရားသခင်ရဲ့သားသမီးတွေဟာ ဘုရားသခင်ရဲ့အမွေခံတွေအနေနဲ့၊
ကောင်းကင်ဘုန်းတော်အားလုံးကို ဆက်ခံရမှာဖြစ်ပါတယ်။
ဒါကြောင့်၊ ဘုရားသခင်ရဲ့သားသမီးဖြစ်ရတဲ့ ကောင်းချီးဟာ
လောကဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရလောက်အောင် တန်ဖိုးရှိပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်