ဘုရားသခင်၏အလိုတော်အတိုင်း ပသခါပွဲကိုကျင်းပခဲ့သော တောင်ယုဒပြည်သည်၊
ရန်သူများ၏ကျူးကျော်ခြင်းကို ခံရချိန်၌ပင် ကယ်တင်ခြင်းခံခဲ့ကြရပါသည်။
သို့သော်လည်း၊ ဘုရားသခင်၏ပညတ်တော်များကို ပြက်ရယ်ပြုခဲ့ကြသော မြောက်ဣသရေလပြည်သည် ရှင်းရှင်းဖျက်ဆီးခြင်း ခံခဲ့ကြရပါသည်။
လူသားတို့သည် ဤမြေကြီးတွင်ဖြစ်ပွားလျက်ရှိသောဘေးဒဏ်များကို
ရုပ်ပိုင်းဆိုင်ရာအားဖြင့်သာ ရှုမြင်ကြပါသည်။ သို့သော်လည်း၊
ထိုအရာသည် ဘေးဒဏ်များကို ဤမြေကြီးပေါ်သို့ ဘုရားသခင်
ယူဆောင်ပေးတော်မူသော ဝိညာဏဆိုင်ရာကိစ္စရပ်ပင် ဖြစ်ပါသည်။
လူသားတို့သည် မိမိ၏ပညတ်တော်များကို မစောင့်ရှောက်သဖြင့်၊
ဘေးဒဏ်များကိုယူဆောင်လာသည်ဟု ဘုရားသခင်မိန့်တော်မူနှင့်ပြီးဖြစ်ပါသည်။
“ထာဝရဘုရားသည် ဤမျှလောက် ကြီးစွာသောဘေးဒဏ်ကို ငါတို့အား အဘယ်ကြောင့် စီရင်တော်မူသနည်း။ ... သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတပါးသောဘုရား နောက်သို့လိုက်လျက်၊ ဝတ်ပြုကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့်သောကြောင့်၎င်း၊” ယေရမိအနာဂတ္တိကျမ်း ၁၆:၁၀–၁၁
ဒုတိယအကြိမ်ကြွလာတဲ့ယေရှုခရစ်တော်ဖြစ်တဲ့ ခရစ်တော်အန်ဆန်ဟုန်းဟာ၊
ဒီနေ့ခေတ်မှာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို ပြန်လည်တည်ထောင်ပေးခဲ့ပါတယ်။
ဒါကြောင့်၊ ပဋိညာဉ်တရားသစ်ကိုစောင့်ရှောက်တဲ့ ဘုရားသခင်၏အသင်းတော်ဟာ၊
ဘုရားသခင်ရဲ့ကရုဏာတော်ကို ပေးသနားတော်မူခြင်းခံရပြီးတော့၊
တောင်ယုဒပြည်မှာ ဖြစ်ပျက်ခဲ့သလိုမျိုး၊ ဘယ်ဘေးအန္တရာယ်ကနေမဆို
ကာကွယ်စောင့်ရှောက်ခြင်း ခံရပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်