ဘုရားသခင်ဟာ လူသားအားလုံးကို ကောင်းကင်မှာ ကျူးလွန်ခဲ့တဲ့အပြစ်တွေကို နောင်တရနိုင်တဲ့ အချိန်နဲ့၊ လူ့ဇာတိနဲ့ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို ယုံကြည်ပြီး ကယ်တင်ခြင်းခံရနိုင်တဲ့ အခွင့်အရေးကို ပေးတော်မူပါတယ်။ အဲဒီနောက်၊ ဘုရားသခင်ဟာ လူတစ်ယောက်စီရဲ့အကျင့်အတိုင်း ကောင်းကင်ကိုသွားမယ့်သူတွေနဲ့ စီရင်ခြင်းခံရမယ့်သူတွေကို ခွဲခြားမှာဖြစ်ပါတယ်။
တရားစီရင်ခံရမယ့်သူတွေထဲမှာ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ယေရှုခရစ်ကို ရောင်းစားတဲ့ ယုဒရှကာရုတ်လိုလူတွေရှိပြီး၊ ဆိုးညစ်တဲ့ အကြံဉာဏ်အားဖြင့် ဘုရားသခင်ရဲ့လူမျိုးတွေကို ရုပ်တုကိုးကွယ်ခြင်းထဲမှာကျရောက်စေတဲ့ ဗာလမ်လို မိစ္ဆာပရောဖက်တွေလည်း ရှိပါတယ်။ ပြီးတော့ အာဟပ်နဲ့ ယေဇဗေလက နာဗုတ်ရဲ့ စပျစ်ဥယျာဉ်ကို သိမ်းယူခဲ့သလို၊ ဘုရားသခင်ရဲ့အမှန်တရားကို ဖျက်ဆီးပြီး၊ တနင်္ဂနွေနေ့နဲ့ ခရစ္စမတ်လိုမျိုး စည်းမျဉ်းတွေအားဖြင့် နေနတ်ဘုရားကို ကိုးကွယ်တဲ့သူတွေ ရှိကြပါတယ်။
ဣသရေလအမျိုးသားတို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်ပေးသော အကြံကိုလိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ပရိသတ်၌ ဘေးရောက်လေသည်တကား။
တောလည်ရာကျမ်း ၃၁:၁၆
သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ လည်းကောင်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း ၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သောအပြစ်တင်စရာရှိ၏။
ဗျာဒိတ်ကျမ်း ၂:၁၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်