ကောင်းကင်အမေအကြောင်း ကြားဖူးပါသလား။
သမ္မာကျမ်းစာဟာ ဘုရားသခင်ကို သက်သေခံတဲ့ စာအုပ်ဖြစ်ပါတယ်။
“... ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ... ”မ ၆:၉
ယေရှုခရစ်ဟာ အဖေဘုရားသခင်ရဲ့ တည်ရှိခြင်းကို သင်ပေးတော်မူခဲ့ပါတယ်။
တမန်တော်ပေါလုဟာ အမေဘုရားသခင် တည်ရှိတယ်လို့ သင်ပေးခဲ့ပါတယ်။
“အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။”ဂလာ ၄:၂၆
သဘာဝတရားရဲ့နိယာမအားဖြင့်လည်း အမေဘုရားသခင် တည်ရှိကြောင်းကို ကျွန်ုပ်တို့ သိနိုင်ပါတယ်။
ချိုမြိန်တဲ့မွှေးရနံ့တွေနဲ့ ရောင်စုံပန်းတွေ၊ ကောင်းကင်ဆီ တည့်မတ်စွာဆန့်တန်းနေတဲ့ စိမ်းလန်းတဲ့သစ်ပင်တွေ၊ တောဘုရင် ခြင်္သေ့၊ မိုးကောင်းကင်တို့ရဲ့ဘုရင် လင်းယုန်၊ ပင်လယ်ထဲက ဖက်ရှင်မော်ဒယ် အပူပိုင်းဒေသငါးတွေနဲ့ ချစ်စရာကလေးတွေအားလုံးဟာ သူတို့ရဲ့မိခင်တွေကနေတစ်ဆင့် အသက်ကိုရရှိကြပါတယ်။
ဒါဆိုရင်၊ ကျွန်ုပ်တို့ဆီ ဝိညာဏအသက်ကို ဘယ်သူပေးမှာပါလဲ။
အရာခပ်သိမ်းဟာ သူတို့မိခင်ဆီကနေ အသက်ကိုရသလိုမျိုး ဝိညာဏအသက်ကို အမေဘုရားသခင်က ပေးဆောင်ပါတယ်။
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။ (ဗျာ ၂၂:၁၇)
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်